ဇာတ်ကားများ ရွေးရန်

Neagley

2026ဇာတ်လမ်းတွဲအမှတ် 6.2/10

Neagley [2026] S1 ++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဒီဇာတ်လမ်းတွဲကတော့ Amazon Prime Video ရဲ့ နာမည်ကျော် အက်ရှင်စီးရီး Reacher ရဲ့ Spin-off အဖြစ် ထွက်ရှိလာတဲ့ Action, Crime နဲ့ Detective Thriller အမျိုးအစား ရုပ်သံဇာတ်လမ်းတွဲ အသစ်ပဲ ဖြစ်ပါတယ်။ မူရင်း Reacher စီးရီး ဖန်တီးသူ Nick Santora နဲ့ Nicholas Wootton တို့ကပဲ ပူးတွဲဖန်တီးထားပြီး၊ မင်းသမီး Maria Sten က Frances Neagley ကာရိုက်တာနဲ့ အဓိက ခေါင်းဆောင် ပါဝင်ထားပါတယ်။ ဒါ့အပြင် Greyston Holt, Adeline Rudolph, Jasper Jones နဲ့ Damon Herriman တို့က အားဖြည့်ပါဝင်ထားပြီး၊ Jack Reacher အဖြစ် Alan Ritchson ကိုယ်တိုင်လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ချီကာဂိုမြို့မှာ ပုဂ္ဂလိက စုံထောက် လုပ်နေတဲ့ Neagley ဆီကနေ စတင်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Tommy ဟာ မသင်္ကာစရာ မတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားတဲ့အခါ အမှန်တရားကို ဖော်ထုတ်ဖို့ Neagley တစ်ယောက် ဆုံးဖြတ်လိုက်ပါတော့တယ်။ သူဟာ 110th Special Investigations Unit တုန်းက Reacher ဆီကနေ သင်ယူခဲ့တဲ့ စုံထောက် ပညာတွေရော၊ သူ့ရဲ့ ကိုယ်ပိုင် နည်းပညာ ကျွမ်းကျင်တာတွေကိုရော ပေါင်းစပ်ပြီး နောက်ယောင်ခံ လိုက်ပါတော့တယ်။ အဲဒီလို လိုက်ရင်းနဲ့ Lawrence Cole (Damon Herriman) ခေါင်းဆောင်တဲ့ အန္တရာယ်များတဲ့ ဘာသာရေးဂိုဏ်း (Cult) တစ်ခုနဲ့ ထိပ်တိုက်တွေ့လာတဲ့အခါ တရားခံတွေကို ဘယ်လို အပြတ်ရှင်းမလဲ ဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမှာပါ။ အရင် Reacher စီးရီးတွေလို တစ်ယောက်တည်း အကြမ်းပတမ်း ဖြေရှင်းတာမျိုးချည်းပဲ မဟုတ်ဘဲ Neagley ဟာ ရဲအရာရှိ Hudson၊ လူငယ်လေး Keno နဲ့ စုံထောက်လုပ်ချင်နေတဲ့ Renee တို့ကို စုစည်းပြီး ကိုယ်ပိုင်အဖွဲ့လေး တစ်ခုအနေနဲ့ပါ လှုပ်ရှားတာကို မြင်တွေ့ရမှာပါ။ ဒီစီးရီးရဲ့ စိတ်ဝင်စားစရာ အချက်ကတော့ Lee Child ရဲ့ ဝတ္ထုတစ်အုပ်တည်းကို အခြေခံထားတာ မဟုတ်ဘဲ မူရင်း ဇာတ်လမ်းသစ် တစ်ခုအနေနဲ့ သီးသန့် ရေးသားဖန်တီးထားတာပါ။ ဒါ့အပြင် Neagley ရဲ့ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တဲ့ လူအထိအတွေ့ မခံနိုင်တဲ့ ရောဂါ (Haphephobia) ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကိုပါ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထည့်သွင်း ပုံဖော်ပေးထားပါတယ်။ Rotten Tomatoes မှာလည်း ၈၆ ရာခိုင်နှုန်းအထိ ရရှိထားလို့ Reacher စီးရီးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေရော၊ မှုခင်း စုံစမ်းရေး အက်ရှင် ဒရာမာကားကောင်းတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေရော အပိုင်း ၈ ပိုင်းစလုံးကို တစ်ထိုင်တည်း အမောဖြေ ကြည့်ရှုသင့်တဲ့ စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Size – 1.00GB / 531MB Quality –WEB-DL 1080p HEVC / 720p Episodes -  8 Eps Duration -  57m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Action , Crime , Drama , Mystery , Thriller

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း