Spring of the Blade
မထွက်ခင်ကတည်းက တမျှော်မျှော်နဲ့ မျှော်နေခဲ့ရတဲ့အလံနီဇာတ်ကားသစ်ကြီး ထွက်လာပါပြီ။ ဒီဇာတ်ကားရဲ့ဇာတ်အိမ်ဇာတ်ကွက်ကောင်းချက်ကတော့ ကြည့်ရင်း အချိန်ကုန်လို့ကုန်မှန်းတောင်သိလိုက်မှာမဟုတ်ပါဘူးနော်။ ဇာတ်လမ်းအမျိုးအစားက နန်းရေးနန်းရာဖြစ်တဲ့အပြင် Female Lead ကလည်း Male Lead နဲ့အပြိုင် ချင်းချင်းနီတဲ့ ထက်မြက်လွန်းတဲ့အလံနီပုံစံကြီးမို့ C drama ပရိသတ်တို့ ဘယ်ဘက်ဒူးပြေးထောက်ရမလဲမသိအောင်ပါ ပြာယာခတ်ကုန်မှာသေချာပါတယ်။ ပါဝင်ထားတဲ့သရုပ်ဆောင်နှစ်ယောက်ကလည်း အေးတိအေးစက်နဲ့ခပ်ချေချေကိုကိုချော Xu Kai နဲ့ အရွယ်သာငယ်မယ် ဇက မငယ်တဲ့ မမ Zhou Ye တို့ဆိုတော့ ဇာတ်လမ်းဇာတ်အိမ်နဲ့ ဇာတ်အိမ်ကလည်း သွားကောင်းနေရောပေါ့ သာ့ကျားတို့ရေ။ ဇာတ်လမ်းအညွှန်း >>> ငယ်စဉ်ကတည်းက မိဘဖြစ်ခဲ့တဲ့ ရှဲ့ချင်းယွမ်ဟာ လမ်းဘေးမှာ အနာဂတ်မဲ့စွာလှည့်လည်ကျက်စားခဲ့ရသူပါ။ အဲလိုလှည့်လည်နေရင်း မိသားစုကပ်ဘေးဆိုးကြီး ကြုံတွေ့ခဲ့ရတဲ့အပြင် စစ်ဘက်ဆိုင်ရာထဲပါ အပို့ခံခဲ့ရတဲ့ ရှန်ရွင်နဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့မိပါတယ်။ ဘဝတွေနာခဲ့ကြတဲ့သူတို့နှစ်ဦးဟာ အသက်ဆက်ရှင်ကြဖို့ ကတိသစ္စာပြုကာ လမ်းခွဲခဲ့ကြပါတယ်။ နှုတ်မဆက်ခင်မှာ ရှန်ရွင်က အမှတ်တရအဖြစ် အကြွေစေ့လေးတစ်ပြား ပေးအပ်ခဲ့ပါတယ်။ နှစ်အတော်ကြာပြီးနောက်မှာတော့ ရှဲ့ချင်းယွမ်ဟာ မိခင်ရဲ့မသင်္ကာဖွယ်သေဆုံးမှုအမှန်ကို ဖော်ထုတ်ဖို့ဆုံးဖြတ်ကာ ရှဲ့စံအိမ်တော်ဆီ သတ္တိရှိရှိပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာပဲ အာဏာစက်ထက်မြက်လာခဲ့သူ ရှန်ရွင်ဟာလည်း အကျပ်အတည်းကြုံနေရတဲ့ရှဲ့မိသားစုကို စောင့်ကြည့်စစ်ဆေးဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ အမှန်တရားကို အတူတကွဖော်ထုတ်ရင်း သူတို့နှစ်ဦးရဲ့အတိတ်က သံယောဇဉ်ကြိုးမျှင်လေးဟာ ပြန်လည်ချိတ်ဆက်မိသွားခဲ့ကြပါတယ်။ ရှန်ရွင်ဟာ ရှဲ့ချင်းယွမ်ရဲ့ရဲရင့်မှု၊ ထက်မြက်မှုနဲ့ အကောင်းမြင်စိတ်တို့အပေါ် သဘောကျစွဲလန်းသွားခဲ့သလို ရှဲ့ချင်းယွမ်ကလည်း သူ့ကို အရည်အချင်းရှိပြီး ယုံကြည်အားကိုးရတဲ့ အရင်းနှီးဆုံးသူစိမ်းအဖြစ် အပြည့်အဝပုံအပ်ခဲ့ပါတော့တယ်။ ဇာတ်လမ်းသဘောအရဆိုရင်တော့ ငယ်စဉ်က ပေးခဲ့တဲ့ အကြွေစေ့လေးတစ်ပြားနဲ့ အတိတ်သံယောဇဉ်ကြောင့် ပြန်လည်ဆုံစည်းကြရမဲ့ Childhood Sweetheart Vibe လေးမို့ ကြည့်ရတာအတော်ကိုရိုအီချိုပလီပြီး ချောင်းဆိုးနိုင်တယ်ဆိုပေမဲ့ အလံနီကာပယ်ကလည်း ဖြစ်နေပြန်တော့ Powerful Smart Couple Vibe ကြီးကြောင့်ပါ ကြည့်ရင်းရူးခါနေမှာပါဗျို့။ Total Episodes : 30 Quality : WEB-DL 1080p HEVC , 720p Format : mp4 Genres : Life, Drama Runtime :45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
30 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း