Mission: Mompossible
Mission: Mompossible (2026) အပိုင်းသစ် (27) တစ်သက်လုံး မိသားစုအတွက် ရှင်သန်လာခဲ့ပေမဲ့လည်း တစ်ခါလောက်တော့ ရူးချင်ဟန်ဆောင်ပြီး ပုန်ကန်ပစ်လိုက်ချင်သားဆိုပြီး စိတ်ကူးဝင်မိကြတဲ့ မေမေတွေ ရှိကြမှာပါ။ ဒီလိုမေမေတွေအတွက် တစ်ဆင့်ခံ စိတ်ကျေနပ်မှုလည်း ရရှိစေမယ်.. သားသမီးတွေဘက်ကနေလည်း မိခင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို စာနာမိစေမယ့် မိသားစုဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ We Are All Trying Here ထဲက မင်းသမီး Jeong Min-A နဲ့ Judge vs. Judge ထဲက မင်းသား Dong Ha တို့အပြင် ကေဒရမ်မာပရိသတ်တွေနဲ့ မစိမ်းကြတဲ့ Kim Hee-Jung၊ Kang Kyung-Heon၊ Yang Hee-Kyung၊ Kim Young-Ok တို့လို ဇာတ်ပို့သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - သားသမီးတွေ ကိုယ့်ရှေ့လမ်းကိုယ် အဆင်ပြေပြေ လျှောက်လှမ်းနေနိုင်ရုံနဲ့တင် အတိုင်းထက်အလွန်ပါပဲဆိုပြီး ကျေနပ်ပျော်ရွှင်နေတဲ့ ဂျိုမီမီ (Kim Hee-Jung)... ဒါပေမဲ့လည်း လောကဓံကတော့ သူ့ကို မျက်နှာသာမပေးခဲ့ပါဘူး။ အိမ်ထောင်ကွဲသွားတဲ့ သားကြီးနဲ့ အကြွေးပင်လယ်ဝိုင်းနေတဲ့ သားလတ်တို့က ခရီးဆောင်အိတ်ဆွဲပြီး သူ့ရင်ခွင်ထဲ ပြန်တိုးဝင်လာသလို ယုံကြည်အားကိုးထားတဲ့ သမီးငယ် ဂန်ဒါမီ (Jeong Min-A) ကပါ အကောင်းအတိုင်းလုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ထွက်ချလာပါတော့တယ်။ ဒီကြားထဲ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူးဆိုတဲ့ သတင်းဆိုးကိုပါ ကြားသိလိုက်ရတဲ့အခါ သားသမီးတွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် နောက်ဆုံးအနေနဲ့ လမ်းပြပေးဖို့အတွက် "ငါ နောက်အိမ်ထောင်လည်း ပြုတော့မယ်... ပိုင်ဆိုင်မှုအကုန်လုံးကိုလည်း လူမှုအဖွဲ့အစည်းဆီ လှူဒါန်းပစ်တော့မှာ"ဆိုပြီး အယောင်ဆောင်ကြေညာချက်ကို ပြုလုပ်ကာ ပုန်ကန်ပြတဲ့အခါမှာတော့... "သားသမီးတွေ မလိမ္မာဘူးမလား... ရတယ်လေ သူတို့ထက် ဆယ်ဆမက ပိုရူးသွပ်ပြလိုက်မယ်" ဆိုတဲ့ မိခင်တစ်ဦးရဲ့ တောက်ပတဲ့ နောက်ဆုံးခရီးစဉ်လေးကို အပတ်စဉ် စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။ Aired: Sep 28, 2026 - ? Aired On: Monday-Friday Genres: Family, Drama Episodes: 120 Original Network: KBS1
အပိုင်းများ
27 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း