ဇာတ်ကားများ ရွေးရန်

American Hostage

2026ဇာတ်လမ်းတွဲအမှတ် 7.2/10

American Hostage (2026) Season (1) ep 1,2,3 (Ongoing) ဒီစီးရီးက 1977 ခုနှစ် Indianapolis မှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဖရက်ဒ်ဟက်ခ်မန်းဟာ ပြည်သူချစ်တဲ့ ရေဒီယိုသတင်းတင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ တိုနီခရစ်ဆစ်ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ကို ရုတ်တရက် ဆက်သွယ်လာခဲ့ပါတယ်။ တိုနီ့ဟာ ဒစ်ခ်ဟောလ်ဆိုတဲ့ လူကို ဓားစာခံအဖြစ် ပြန်ပေးဆွဲထားကြောင်း၊ ဒီလိုလုပ်ရတဲ့နောက်ကွယ်က အကြောင်းရင်းကို ရေဒီယိုမှာ တိုက်ရိုက်လွှင့်ပြီး သူ အင်တာဗျူးလုပ်ချင်ကြောင်း၊ မလုပ်ပေးရင် ဓားစာခံကို သတ်ပစ်မယ်ဖြစ်ကြောင်း စသည်ဖြင့် ခြိမ်းခြောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဖရက်ဒ်လည်း မတတ်သာတော့ဘဲ လက်ခံလိုက်ရပြီး ဒီကိစ္စကြီးဟာ လူထုရဲ့ စိတ်ဝင်စားစရာဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ ဒီအခါမှာ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေကလည်း တိုနီ (Tony) ကို ထိန်းချုပ်နိုင်ဖို့အတွက် ဖရက်ဒ် (Fred) ကို ကြားခံအဖြစ် အသုံးပြုလာကြပါတယ်။ ဖရက်ဒ် တစ်ယောက် မီဒီယာ သတင်းထောက် တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေရော၊ လူ့အသက်ကို ကယ်တင်ရမယ့် အခြေအနေတွေကိုရော ဘယ်လို ဗျာများပြီး ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပါ။ တိုနီ ဘက်ကလည်း သူ ဘာကြောင့် အခုလို ငွေကြေးအကျိုးဆောင် (Mortgage Broker) ဖြစ်တဲ့ ဒစ်ခ်ဟောလ် (Dick Hall) ကို ပြန်ပေးဆွဲရသလဲ ဆိုတဲ့ ကော်ပိုရိတ် ကုမ္ပဏီတွေရဲ့ လောဘကြီးတာတွေ၊ မတရား အမြတ်ထုတ်တာတွေကို ရေဒီယိုကနေတစ်ဆင့် လူထုကို တိုက်ရိုက် ချပြပါတော့တယ်။ ဒီ American Hostage (၂၀၂၆) ဇာတ်လမ်းတွဲဟာ MGM+ ကနေ ထုတ်လွှင့်ပြသထားတာဖြစ်ပြီး အပိုင်း ၈ ပိုင်း ပါဝင်ပါတယ်။ နာမည်ကျော် မင်းသား Jon Hamm က Fred အဖြစ်၊ Giovanni Ribisi က Tony အဖြစ် ပီပီပြင်ပြင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေက အငွေ့အသက်တွေကို သေသေချာချာ ပုံဖော်ထားသလို၊ ပြန်ပေးဆွဲတဲ့ အဖြစ်အပျက်ကို မီဒီယာကနေတစ်ဆင့် လူထုက တိုက်ရိုက် နားဆင်ခဲ့ရတဲ့ သမိုင်းဝင် ဖြစ်ရပ်မှန်ကို စိတ်ပညာ ရှုထောင့်ကနေ သရုပ်ဖော်ထားတာပါ။ ရိုးရိုး မှုခင်းဇာတ်လမ်းတွေထက်စာရင် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားပြိုင်တာတွေကို (Psychological Thriller) အသားပေး ရိုက်ကူးထားလို့ True Crime သည်းထိတ်ရင်ဖို စီးရီးကောင်းတွေကို ရှာဖွေနေတဲ့ ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲ တစ်ခုပဲ ဖြစ်ပါတယ်။

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း