The Legacy
"မာယာနန်းတော်" ဖူးခက်မြို့က ချမ်းသာကြွယ်ဝပြီး သြဇာအာဏာကြီးမားတဲ့"စွမ်ဆူရီရာန်" မိသားစုကြီးရဲ့ ခမ်းနားထည်ဝါတဲ့ အိမ်ကြီးအတွင်းမှာတော့ အပြင်လူတွေမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ အာဏာလုပွဲတွေ ဖုံးကွယ်နေပါတယ်။ ဒီမိသားစုရဲ့ အမွေဆက်ခံသူ "စန်း" ကို ချစ်မိသွားတဲ့ ရော်ဘာခြံလုပ်မိသားစုရဲ့ သမီး "အွန်လနီ" ဟာ သူမရဲ့ ရိုးရှင်းတဲ့နောက်ခံကြောင့် မိသားစုရဲ့လက်ခံမှုကို မရရှိခဲ့ပါဘူး။အထူးသဖြင့်"စန်း" ရဲ့မိခင် "ထုန်တာ" က သူတို့နှစ်ယောက်ရဲ့အချစ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး အိမ်ထောင်စုအတွင်းက ချွေးမတွေကလည်း "အွန်လနီ" ကို သူတို့နဲ့တန်းတူလူတစ်ယောက်အဖြစ် ဘယ်တော့မှ လက်မခံချင်ခဲ့ကြပါဘူး။ အဲဒီအိမ်ကြီးထဲမှာ ချွေးမတစ်ယောက်ဖြစ်လာဖို့ဆိုတာ ချစ်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မိသားစုရဲ့စည်းမျဉ်းတွေကို နာခံရသလို ကိုယ့်ဆန္ဒတွေကိုလည်း စွန့်လွှတ်ပြီး ပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်အဖြစ် နေထိုင်ပြရပါတယ်။ "အွန်လနီ" ဟာ မိသားစုရဲ့အထင်သေးမှု၊ မနာလိုမှုတွေနဲ့ အနိုင်ကျင့်မှုတွေကို ရင်ဆိုင်နေရချိန်မှာ သူမကို စောင့်ကြည့်နေတဲ့ လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ကြောင့်လည်း ပိုမိုသတိထားလာခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အိမ်ကြီးအတွင်းက အမွေဆက်ခံခွင့်နဲ့ အာဏာရရှိရေးတိုက်ပွဲတွေက ပိုမိုပြင်းထန်လာပြီး ဘယ်သူ့ကိုမှ အပြည့်အဝယုံကြည်လို့မရတဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။ ချစ်သူရဲ့မိသားစုအတွင်းမှာ ကိုယ့်နေရာကိုရဖို့ ကြိုးစားနေတဲ့ "အွန်လနီ"ဟာ နောက်ဆုံးမှာ သူများသတ်မှတ်ပေးတဲ့ဘဝအတိုင်း နေထိုင်သွားမလား....ဒါမှမဟုတ် သူမကို အထင်သေးခဲ့သူတွေအားလုံးကို ရင်ဆိုင်ပြီး ကိုယ့်တန်ဖိုးကိုယ်သက်သေပြမလားဆိုတဲ့ ရွေးချယ်မှုနဲ့ ရင်ဆိုင်လာရပါတယ်။ ချစ်ခြင်း၊ မနာလိုမှုနဲ့ အာဏာမက်မောမှုတွေ ရောယှက်နေတဲ့ ဒီမိသားစုကြီးမှာ ဘယ်သူက တကယ်သစ္စာရှိသူလဲ၊ ဘယ်သူက ကိုယ့်အကျိုးအတွက် မျက်နှာဖုံးစွပ်ထားသူလဲ.... နောက်ဆုံးမှာ "အွန်လနီ" ဟာ သူများကစားကွက်ထဲက ရုပ်သေးရုပ်တစ်ရုပ်ပဲ ဖြစ်သွားမလား၊ ဒါမှမဟုတ် လူတိုင်းလိုချင်နေတဲ့ အာဏာပလ္လင်ကို ကိုယ်တိုင်သိမ်းပိုက်နိုင်မလားဆိုတာဆက်လက်ကြည့်ကြလိုက်ရအောင်နော်......
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း