ဇာတ်ကားများ ရွေးရန်

The Vanishing Beauty

2026ဇာတ်လမ်းတွဲအမှတ် 7.0/10

ဒီတစ်ခါတော့ Melo Drama ကောင်းလေးတစ်ကား တင်ဆက်ပေးသွားမှာပါ။ ဇာတ်လမ်းက Melo Drama မို့ ကြည့်ရတာ တစ်ပိုင်းဆိုတစ်ပိုင်းထိမိနေမှာပါ ပရိသတ်ရေ။ ဒီဇာတ်ကားထဲမှာ ကိုကို Chang Hua Sen နဲ့ မမလှလှလေး Li Yi Tong တို့က MC တွေအဖြစ် အဓိကပါဝင်ထားကြပါတယ်။ Melo Drama အမျိုးအစားဆိုပေမဲ့ Plot ကတော့ Strong Woman Plot ကို ပိုအသားပေးထားတာပါ။ ဇာတ်လမ်းအညွှန်း >>> ယန်းကျဲမြစ်ဝကျွန်းပေါ်ဒေသကနေ တစ်ဦးတည်းသောအောင်မြင်လာသူ ယွီမုံ့ဟာ Lifestyle Bagger တစ်ယောက်ဖြစ်ပြီး ပတ်ဝန်းကျင်ကလူတိုင်း အားကျရတဲ့ ကံကောင်းလွန်းသူလေးအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါပေမဲ့ (၅) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာပဲ အရာရာပြည့်စုံပြီး ပျော်စရာကောင်းလှပါတယ်ဆိုတဲ့ဘဝကြီးဟာ ဝရုန်းသုန်းကားပြိုလဲသွားခဲ့ပါတော့တယ်။ လူအများအားကျရတဲ့ စံပြခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ရေးဟာ အေးစက်ပျက်စီးလာခဲ့ရုံတင်မကဘဲ ယောက္ခမအသိုင်းအဝိုင်းရဲ့ခေါင်းပုံဖြတ်တာ၊ ငွေကြေးအရ အနိုင်ကျင့်အမြတ်ထုတ်ခံရတာတွေအပါအဝင် အခက်အခဲပေါင်းမြောက်မြားစွာနဲ့ ကြုံတွေ့လာရတဲ့အခါ ယွီမုံ့တစ်ယောက် ပျောက်ကွယ်လုနီးပါးဘဝနဲ့ အလှတရားအစစ်မှန်ကို ပြန်လည်ရှာဖွေဖို့ ရုန်းကန်ရပါတော့တယ်။ Melo Drama တို့ရဲ့ထုံးစံအတိုင်း Female Lead ဟာ ဇာတ်နာပြိုလဲကြေကွဲပြီးမှ ပြာပုံထဲကနေ နိုးထလာတဲ့ဇာမဏီငှက်အသွင် ပြန်လည်ရုန်းထလာမှာမို့ ကြည့်ရင်း ရသအစုံကိုခံစားရမဲ့အပြင် အိမ်ထောင်ရေးတစ်ခုရဲ့ပကတိအမှန်တရားကို ရိုက်ပြထားလို့ အိမ်ထောင်ရေးဇာတ်အိမ်မျိုးကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းလေးပါနော်။ Total Episodes : 28 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

28 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 28 အပိုင်း

ဇာတ်လမ်းအကြောင်း