ဇာတ်ကားများ ရွေးရန်

Sweet Spy

2005ဇာတ်လမ်းတွဲအမှတ် 7.0/10

Sweet spy (2005) 1080p Quality စပိုင်ချစ်သူ (မြန်မာစာတန်းထိုး စဆုံး)😘😘 ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့ရတဲ့ စပိုင်ချစ်သူစီးရီးလေးကို 1080p Quality နဲ့ရှာဖွေတင်ဆက်လိုက်ပါပြီ။ အမေရိကန်-ကိုရီးယား မင်းသားချော Dennis Oh နဲ့ မင်းသမီး Nam Sang-mi တို့အဓိကပါဝင်ထားပြီး ငယ်ဘဝအမှတ်တရဇာတ်လမ်းတွဲလေးမလို့ ပြန်ကြည့်လိုက်ကြပါဦးနော်😍😍😍😍 ဇာတ်လမ်းကတော့.... မင်္ဂလာဦးညမှာပဲ သတို့သားက ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရလို့ သတို့သမီးအသစ်စက်စက်ကနေ မုဆိုးမလေးအဖြစ် ရုတ်တရက်ပြောင်းသွားခဲ့ရတဲ့ရဲမေလေးနဲ့ နိုင်ငံတကာမှာ လျှို့ဝှက်အေးဂျင့်အဖြစ်လှုပ်ရှားနေတဲ့ အမေရိကန်စပိုင်ချောချောလေးတို့ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းပါ... အေးဂျင့်လေးရဲ့ အရေးကြီးတဲ့လျှို့ဝှက်ချက်တွေသိမ်းဆည်းထားတဲ့ အထူးပြုလုပ်ထားတဲ့ဘောလ်ပင်က မထင်မှတ်ဘဲ ရဲမေလေးဆီပါသွားရာကနေ သူတို့နှစ်ဦးဇာတ်လမ်း စတင်ဖြစ်တည်လာခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကအလိုရှိနေတဲ့အေးဂျင့်လေးနဲ့ ရိုးအပြီး တုံးလဲတုံးတဲ့ ရဲမေမုဆိုးမလေးတို့ရဲ့ အချစ်ခရီးလမ်းလေးက အဆင်ပြေချောမွေ့ပါ့မလားဆိုတာ.........။ မင်းသားကအေးဂျင့်ဆိုတော့ ချစ်တာတောင်ခပ်ကြမ်းကြမ်းပဲ😛 ရိုလဲရိုတာမို့ မကြည့်ရသေးရင်ကြည့်လိုက်ကြပါလို့😁👌👌 မင်းသားက မင်းသမီးကိုချစ်စနိုးလေးနဲ့ nickname ပေးပြီး ခေါ်တဲ့ခိုအာလားဆိုတဲ့အသံလေး ခုထိမမေ့သေးဘူး😁😁😍 အဲ့ကားလေးကြည့်ပြီးထဲက ငယ်ငယ်တုန်းက စကားဝှက်ဆို (ခိုအားလား)လို့လိုက်ပြောတာ 😁😁😁။ အပိုင်း(၂၀) ရှိပြီး အကြည်ဆုံး Version ကိုရှာဖွေတင်ဆက်ထားတာမလို့ သိမ်းထားချင်သူများလဲ သိမ်းထားလို့ရပါတယ်။ File Size – (1.2 GB) (Appx;) @Episode Quality – HDrip 1080p Duration – 60 min (@Episode) Season - 1 / Episode – 20 Subtitle – Myanmar Hardsub Format – mp4

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း