Good Boy
"ပိုကောင်းမဲ့မနက်ဖြန်" အတိတ်ကို ပြန်သွားပြီး အမှားတွေကို ပြင်ခွင့်ရမယ်ဆိုရင်တောင်... ငါကတော့ မင်းနဲ့နီးစပ်ဖို့ကိုပဲ ထပ်ရွေးချယ်မှာပါ" Thai Drama ပရိသတ်တွေအတွက် "Jiraphat Will be a Good Boy" ဆိုတဲ့ နာမည်ကြီး Web Novel ကို အသက်သွင်းထားတဲ့ အသစ်စက်စက် စီးရီးလေး လာပါပြီဗျာ။ ဒီဇာတ်လမ်းလေးကတော့ Boys in Love series နဲ့ ပရိသတ်အချစ်တွေ သိမ်းပိုက်သွားတဲ့ Mick-Luke တို့ရဲ့ second series လေးပါ။ ဇာတ်လမ်းလေးကတော့ ဂျီရာဖတ်ဆိုတဲ့ အသက် ၃၀ အရွယ် လူတစ်ယောက်ဟာ ဘဝမှာ နောင်တတရားတွေ တစ်ပွေ့တစ်ပိုက်နဲ့ သေဆုံးသွားရာကနေ စတင်ပါတယ်။ ဒါပေမဲ့ ကံတရားက မျက်နှာသာပေးတော့ သူဟာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားဘဝကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိသွားပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ အရင်က အမှားတွေကို ပြုပြင်ပြီး ပိုကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တဲ့ ဂျီရာဖတ်တစ်ယောက်... မထင်မှတ်ဘဲ ကျောင်းသားခေါင်းဆောင်လည်းဖြစ်၊ သူ မေ့လုနီးပါးဖြစ်နေတဲ့ ငယ်သူငယ်ချင်း ရုအာထီဝစ်နဲ့ ပိုပြီး ရင်းနှီးလာတဲ့အခါ... သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း တိုးတက်လာပြီးတဲ့နောက် ဂျီရာဖတ်ရဲ့ ဒုတိယဘဝဟာ အတိတ်က အမှားတွေကို ပြင်ဆင်ဖို့ သက်သက်မဟုတ်တော့ဘဲ၊ သူ့ဘဝရဲ့ အရေးအပါဆုံးဖြစ်လာမယ့် လူတစ်ယောက်ကို အသစ်တဖန် ပြန်လည်သိကျွမ်းရတဲ့ ခရီးစဉ်တစ်ခု ဖြစ်လာပါတော့တယ်။ "ငယ်သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကနေ အချစ်အဖြစ် ပြောင်းလဲသွားတဲ့အခါ..." ဂျီရာဖတ်ရဲ့ ဒုတိယအခွင့်အရေးက သူ့အတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးမလားဆိုတာ ရင်ခုန်စရာကောင်းကောင်းနဲ့ ဆက်လက်ရှုစားကြည့်ရအောင်ပါ။
အပိုင်းများ
4 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း