ဇာတ်ကားများ ရွေးရန်

Love in Disguise

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

Love in Disguise (2026) အပိုင်းသစ် (၆) ဒီတစ်ခါမှာတော့ အမွေဆက်ခံသူ သူဌေးသားလေးနဲ့ ယောက်ျားလေးဟန်ဆောင်ထားတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း ရဲမေလေးတို့ကြားက အလွဲပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားတဲ့ Rom-com ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက "Why You Don't Know It's a Girl?" ဆိုတဲ့ Web Novel ကို ရိုက်ကူးပုံဖော်ထားပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ Squid Game၊ Summer Strike ထဲက အားလုံးရင်းနှီးပြီးသား မင်းသား Yim Si Wan နဲ့ Twinkling Watermelon၊ Bussiness Proposal တို့ထဲက မင်းသမီး Seol In-ah အပြင် တခြားလူသိများတဲ့သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း တတိယမျိုးဆက်သူဌေးသား‌အဖြစ် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ ယွန်းအီဂျွန်း (Yim Si Wan)ဟာ တစ်နေ့မှာ ကုမ္ပဏီတွင်း ဖြစ်ပွားခဲ့တဲ့ .. အတွင်းရေးမှူး လုပ်ကြံခံရမှုကြောင့် အဓိက သံသယရှိသူ ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာကတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဂန်ဂျယ်ဟီး (Seol In-ah)ဟာ အမှုရဲ့ တရားခံကို စုံစမ်းဖို့ ယွန်းအီဂျွန်းရဲ့ အနားကို ယောက်ျားလေးအသွင် ပြောင်းလဲပြီး အတွင်းရေးမှူးအနေနဲ့ရော အနီးကပ်သက်တော်စောင့်အနေနဲ့ပါ လျှို့ဝှက်တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ ယွန်းအီဂျွန်းအနေနဲ့ သူ့ရဲ့ အတွင်းရေးမှူးအသစ်ဟာ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း လုံးဝမသိဘဲ ယောက်ျားလေးနှစ်ယောက်ကြားထဲက ခင်မင်ရင်းနှီးမှုထက် ပိုလွန်တဲ့ ရင်ခုန်သံတွေကို စတင်ခံစားလာရတဲ့အခါမှာတော့… အန္တရာယ်များတဲ့ လျှို့ဝှက်စုံစမ်းရေးတွေကြား ရုံးတွင်းအချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်လာမလဲ ... မင်းသား Yim Si-wan နဲ့ မင်းသမီး Seol In-ah တို့ရဲ့ ချစ်စရာကောင်းတဲ့ Chemistry နဲ့အတူ အချစ်ဟာသနဲ့ စုံစမ်းထောက်လှမ်းရေး အငွေ့အသက်တွေ ပေါင်းစပ်ထားတဲ့ ဒီဇာတ်လမ်းလေးကို အပတ်စဉ် တနင်္လာ၊အင်္ဂါနေ့တိုင်း လိုက်ပါစီးမျောနိုင်စေဖို့ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Episodes: 12 Aired: Oct 19, 2026 - Nov 24, 2026 Aired On: Monday, Tuesday Original Network: tvN, Prime Genres: Thriller, Mystery, Comedy, Romance

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း