ရှန်ရှား ဝူရှားကားမျိုးမှ ကြိုက်တယ်ဆိုတဲ့ CM ချစ်ပရိသတ်တို့အတွက်ကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကတော့ Clash of the Titans (2025) ပါ.. မန်းဂထဲက ခွဲထွက်လာတဲ့ ကျန်းယွီရှီ မမရဲ့ ကားသစ်လေးမလို့ ရူပဒါနမြောက်မှာသေချာပါတယ်... Dashing Youth က ဝူမင်သခင်လေး၊ Flourished Peonyက လီရှင်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ထုံမုန့်ရှီကို ဒီကားမှာ ဇာတ်လိုက်မင်းသားအဖြစ်နဲ့တွေ့ရမှာပါနော်... ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင်... အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုးတို့ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက သံသယတွေနဲ့အတူ မခွဲနိုင်မဖျက်နိုင်အောင် တွဲကပ်နေခဲတယ်။ ဒီသမိုင်းကြောင်းထဲမှာ ပေါ်ထွက်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ပေါ့... ဖန်ဆင်းမှုနဲ့ ဖျက်စီးမှု တို့ကြားမှာ ချစ်ခြင်းမေတ္တာက ပေါက်ဖွားလာမှာလား... Fengyue Jianzun နဲ့ နတ်ဆိုးကြယ်သခင် Feng Xing တို့က ဒီသမိုင်းပေါ်မှာ အဆုံးအဖြတ်ချနိုင်ဖို့ တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြရတယ်။ ဒါပေမဲ့ တကယ် စိတ်ဝင်စားဖို့ကောင်းတာကတော့ Shen Shao You နဲ့ Feng Li Xue တို့ရဲ့ မထင်မှတ်တဲ့ မိတ်ဆွေဖြစ်မှုပေါ့... မေတ္တာရော မုန်းတီးမှုရော စုစည်းထားတဲ့ Shen Shao You ဟာ ဆရာကိုကယ်ဖို့ ဆုံးဖြတ်ချက်တစ်ခု ချလိုကတယ်။ ဒါကတော့ သူ့မိတ်ဆွေ Feng Li Xue ကို ရှင်းပစ်ဖို့အတွက် ချောက်ကမ်းပါးကနေ တွန်းချလိုက်ရတာပဲ။ အဲဒီအချိန်မှာ Feng Li Xue ဟာ မသေဘဲ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူအဖွဲ့ရဲ့ Chong Hua ဆရာကြီး ကယ်တင်တာခံလိုက်ရပါတယ်။ မတူညီတဲ့လမ်းစဉ်ပေါ်မှာ ပြန်မဆုံနိုင်တော့တဲ့ ချစ်ခြင်းတစ်ခု မတူညီတဲ့လမ်းကို ရွေးချယ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်၊ Feng Li Xue က နတ်ဆိုးလမ်းစဉ်ကို ဦးဆောင်သူဖြစ်လာပြီး Shen Shao You က သူတော်ကောင်းလမ်းစဉ်ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ သူတို့ကြားက တိတ်တခိုး မေတ္တာနဲ့ တစ်ခါက ခင်မင်ခဲ့တဲ့မေတ္တာကို မထောက်တစ်ဦးကို တစ်ဦး သတ်ရမယ့် တာဝန် ဖြစ်ပေါ်လာတဲ့အချိန်မှာ… သာမာန်သိုင်းကားဆိုတာထက် ပိုပြီး နက်နဲလေးနက်တဲ့ကားလေးပါ... အမှန်တရား၊ သစ္စာ၊ ချစ်ခြင်း၊ အထင်လွဲမှုတွေနဲ့ ထုတ်ပြောခွင့်မရှိတဲ့ ခံစားချက်တွေကို ပုံဖော်ရေးသားထားတာမို့ CM Team နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်... Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
ဇာတ်ကားကြည့်ရန်