The Haunting of Michael Barrow (2025) ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် အမေဖြစ်သူ သေဆုံးသွားပြီး သားဖြစ်သူ "မိုက်ကယ်" ကလည်း စိတ်ဒဏ်ရာအပြင်းအထန် ခံစားရခဲ့ပါတယ် အဖေဖြစ်သူကတော့ သားဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း ရင်ထဲက ပူဆွေးသောကတွေနဲ့ ဘဝပျက်လုနီးပါး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့အတူ သူတိုအိမ်ထဲမှာ ထူးဆန်းကြောက်မက်ဖွယ်ဖြစ်ရပ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ် အချိန်ကြာလာတာနဲ့အမျှ အိမ်ထဲက အမှောင်စွမ်းအားဟာ ပိုအားကောင်းလာပြီး "မိုက်ကယ်" ရဲ့ အပြုအမူတွေလည်း ပြောင်းလဲလာပါတယ် မိသားစုကို ခြောက်လှန့်နေတဲ့ အမှောင်စွမ်းအားက သေဆုံးသွားတဲ့ ဇနီးသည်နဲ့ ဆက်စပ်နေမလား... အိမ်ထဲက သဘာဝလွန် ဖြစ်ရပ်ဆိုးတွေကို အဖေဖြစ်သူက သားဖြစ်သူအတွက် အသက်လုပြီး ဘယ်လို ရင်ဆိုင်တိုက်ဖျက်သွားမလဲ... အမှောင်ထုထဲက ပြန်လည်ပေါ်ထွက်လာတဲ့ ကြောက်မက်ဖွယ် ဖြစ်ရပ်တွေကြားမှာ အမှန်တရားကို ရှာဖွေရမယ့် Horror ဇာတ်ကားလေးဖြစ်သလို အတွေးပေါင်းစုံနဲ့ တွေးကျန်နေခဲ့မှာ အသေအချာပါပဲ
ဇာတ်ကားကြည့်ရန်