ချစ်ခြင်းက အရာရာကို ပြောင်းလဲပစ်နိုင်ပါတယ် ပိုကောင်းမွန်တာရော ပိုနိမ့်ကျသွားတာမျိုးရော ပေါ့ ခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ချစ်ခြင်းနဲ့ထိတွေ့မိပြီး ပိုကောင်းမွန်သွားတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ လူငယ်ကျောင်းသားကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်တော့ မိုးဖွဲလေးတွေ ရွာနေတဲ့နေ့လေးတစ်နေ့ မုန့်ဆိုင်လေးတစ်ဆိုင်မှာ ပေါ့ပါးတက်ကြွတဲ့ စူးကျိုက်ကျိုက်( Zhang Miaoyi)ဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် မျက်နှာတည်တဲ့ ကောင်လေးနဲ့ ဆုံတွေ့ခဲ့ကြပါတယ် စူးကျိုက်ကျိုက်တစ်ယောက် ဘယ်ကမှန်းမသိတဲ့ အဲ့ကောင်လေးကို စစတွေ့ချင်းမှာပင် သူ့ရဲ့ ထူးခြားတဲ့ အပြုအမူကြောင့် စိတ်ဝင်စားသွားခဲ့တာအမှန်ပါပဲ နောက်တစ်နေ့ ကျောင်းပြန်တက်ရမယ့် အချိန်ကိုရောက်တော့ ဟိုတစ်နေ့က တွေ့ခဲ့တဲ့ ကောင်လေးက သူနဲ့တစ်ကျောင်းထဲဆိုတာကိုသိခဲ့ပြီး စူးကျိုက်ကျိုက် တစ်ယောက် စတင်စုံစမ်းပါလေရော.... လွဲချော်မှုပေါင်းများစွာနဲ့ နောက်ဆုံးမှာသိလိုက်ရတဲ့ အဲ့ကောင်လေးနာမည်ကတော့ ကျန်းလုရန့်(Zhou Yiran)ပါ သူကတော့ အထက်တန်းပထမနှစ်ကို အခန်း၁ မှာတက်နေရတဲ့ စာတော်တဲ့ကျောင်းသားလေးပေါ့ အပြင်ပန်းမှာတော့ ယုံကြည်မှုတွေပြည့်ပုံပေါက်နေတဲ့ ကျန်းလုရန့်က တကယ်တမ်းကျတော့ မိခင်ဖြစ်သူရဲ့ သူ့ညီလေးနဲ့ သူ့အပေါ်နှိုင်းယှဉ်မှုတွေက သူ့ကို ယုံကြည်ချက်တွေ ပျောက်ဆုံးနေစေခဲ့တဲ့ အချက်တွေပါပဲ အတော်ဆုံးအခန်းက ကျောင်းသားလေးနဲ့ နောက်ဆုံးတန်းက ကျောင်းသူလေးတို့ ဖူးစာပါလာကြတော့ သက်ဆုံးတိုင် အတူတူရှိသွားကြရတာပါပဲ စစတုန်းကပြောခဲ့သလိုပဲ ကျန်းလုရန့်တစ်ယောက် စူးကျိုက်ကျိုက်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားပြီးနောက်ပိုင်းမှာ ကောင်းမွန်မှုတွေဆီကို ဦးတည်လာခဲ့ပါတော့တယ် Castတွေက တက်သစ်စလေးတွေဆိုပေမယ့် Inter အထိပါပေါက်ခဲ့တဲ့ ဒီကားလေးရဲ့ ထူးခြားချက်နဲ့ ဆွဲဆောင်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကို CM ကနေမှ ကြည့်ချင်တဲ့ ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်... အားလုံးပဲ စတင်တွေ့ဆုံမှုအတွက် နောင်တမရဘဲ ကောင်းမွန်တဲ့အရာတွေဆီ ဦးတည်တဲ့ ချစ်ခြင်းမျိုးကိုပေးနိုင်တဲ့ လူသားတစ်ယောက်ကို ပိုင်ဆိုင်နိုင်ကြပါစေနော်...... Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Drama , Romance Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
ဇာတ်ကားကြည့်ရန်