IMDb Rating (6.7) / Rotten Tomatoes (83%) ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ Hunger games , games of throne စတဲ့ ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီး Natalie Dormer အဓိက ပါဝင်ထားတဲ့ Audrey’s Children အမည်ရှိ အတ္ထုပတ္တိရုပ်ရှင်အမျိုးအစားလေးပဲ ဖြစ်ပါတယ် ။ ဒီရုပ်ရှင်ကတော့ ဆေးပညာစွန့်ဦးတီထွင်သူတစ်ယောက် တစ်ဖြစ်လဲ ရော်နယ်မက်ဒေါနယ်ဟောက်စ်ရဲ့ ပူးတွဲတည်ထောင်သူ ဒေါက်တာ အော်ဒရီအယ်ဗန်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ် ။ CHOP လို အတိုကောက်ခေါ်ကြတဲ့ ဖီဒဲလ်ဖီးယားကလေးဆေးရုံမှာ ကလေးသူငယ်ကင်ဆာရောဂါ အထူးကု ဒေါက်တာအော်ဒရီအယ်ဗန်စ် တစ်ယောက် အာရုံကြောတစ်သျှူးကျိတ် ကုထုံးအတွက် ဘယ်လိုတိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို သုတ ရသ နှစ်မျိုးလုံး ခံစားရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ် ။ သုတေသန ရန်ပုံငွေ အကန့်အသတ်ရှိနေတဲ့ ခေတ်တစ်ခုမှာ ကိုယ့်သုတေသန သူ့ သုတေသနရယ်လို အပြိုင်အဆိုင်တွေ ဖြစ်လာတဲ့အခါ ဒေါက်တာအော်ဒရီ သူ့လူနာကလေးတွေအတွက် သူ စိတ်အားထက်သန်ရာကို ဘယ်လိုတွေ တစ်ဇွတ်ထိုးလုပ်ခဲ့သလဲဆိုတာနဲ့ ကလေးတွေရဲ့ မိသားစုတွေအတွက် အခမဲ့ နေထိုင်နိုင်ဖို ရော်နယ်မက်ဒေါနယ်ဟောက်စ်ဆိုတဲ့ အခမဲ့ အိမ် တည်ထောင်ခဲ့ပုံတွေကိုပါ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်တဲ့အတွက် ဆေးပညာသမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်မျိုးပါပဲလို အကြံပေးလိုက်ပါရစေနော် ။ File Size… (1.23 GB) / (744 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre ….Biography , Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်