Running Out of Time (1999) ~ IMDb - 7.3/10, Rotten Tomatoes - 90% ~ Directed by "Johnnie To" Four Heavenly Kings of Cantopop လို့ဆိုကြတဲ့ အန်ဒီလောင်၊ ဂျက်ကီချောင်၊ အာရွန်ကော့၊ လီယွန်လိုင်တို့ထဲ အန်ဒီလောင်က ရုပ်ရှင်လိုင်းထဲတော့ အဂေါ်ဆုံးလို့ ကျိန်းသေပြောလို့ရတယ်။ ပြောလို့ရဆို သူ သရုပ်ဆောင်နယ်ပယ်ကို သေသေချာချာစဝင်တာကလည်း အန်းဟွေရဲ့ Boat People နဲ့စတာဖြစ်သလို ပထမဆုံးခေါင်းဆောင်မင်းသား စဖြစ်တာကလည်း Shaw Brothers ရဲ့ အက်ရှင်ကား On the Wrong Track နဲ့စတာ။ နောက် ဝေါင်ကာဝေးရဲ့ ပထမဆုံးရုပ်ရှင် As Tears Go By, နောက် ဟောင်ကောင်အက်ရှင်ရိုမန့်မာစတာပိစ်တစ်ကားဖြစ်တဲ့ ဘန်နီချန်းရဲ့ A Moment of Romance... ၁၉၉၉မှာ ဂျွန်နီတိုရဲ့ Running Out of Time နဲ့ သရုပ်ဆောင်ဆုရခဲ့သလို အဲဒီနောက်မှာ Infernal Affairs ကားတွေရိုက်ခဲ့တယ်။ ဒါက တကယ့်အထင်ကရတွေချည်း။ ဂျွန်နီတိုတို့ ဝေါင်ကာဝေးတို့နဲ့ကားတွေ တခြားကားကောင်းတွေ မနည်းဘူး။ ကျန်တဲ့သုံးယောက်လည်း ဒါရိုက်တာကောင်းတွေနဲ့တွဲလုပ်ဖူးပေမဲ့ သူ့လောက်တော့မများဘူး။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်မှာလည်း ကိုယ်ပိုင်မာစတာပိစ်ကားတွေရှိနေတာပါပဲ။ Four Heavenly Kings ဟာ Four Heavenly Kings တော့ ပီသခဲ့တယ်။ အန်ဒီလောင်နဲ့ ဂျွန်နီတို တွဲရိုက်ဖူးတာ ၇ကား၈ကားလောက်တော့ရှိတယ်။ အဲဒီထဲကမှ Running Out of Time နဲ့ Blind Detective ကတော့ အကြမ်းဆုံးပဲ။ Running on Karma, Needing You, Love on a Diet န
ဇာတ်ကားကြည့်ရန်