To Kill with Intrigue (1977) IMDb Rating (5.3) / Rotten Tomatoes (34%) မင်းသားကြီး Jackie Chan ရဲ့ အစောပိုင်းကာလ လက်ရာတွေထဲက တစ်ကားဖြစ်ပြီး၊ ကိုရီးယားနဲ့ ဟောင်ကောင် ပူးပေါင်းရိုက်ကူးထားတဲ့ Martial Arts / Drama ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားဟာ Jackie Chan ရဲ့ ပုံစံအတိုင်း ဟာသနှောတာမျိုး မဟုတ်ဘဲတည်တည်တံ့တံ့နဲ့ လက်စားချေတဲ့ ဇာတ်အိမ်ကို သိုင်းကားတွေရဲ့ အငွေ့အသက်အတိုင်း ဝတ်စုံတွေနဲ့ နောက်ခံရှုခင်းတွေကို လှလှပပ မြင်တွေ့ရအောင် တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သိုင်းပညာတော်တဲ့ လူငယ်လေး Cao Lei (Jackie Chan) အကြောင်းပါ။ သူ့ရဲ့ မိသားစုဟာ ရက်စက်တဲ့ လူဆိုးဂိုဏ်းတစ်ခုရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ ထူးခြားတာက အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အမျိုးသမီး Ding Cang Lan ဟာ Cao Lei ရဲ့ မျက်နှာကို ဓားနဲ့အမာရွတ်ထင်အောင် လုပ်ခဲ့ပေမဲ့ သူ့ကိုတော့ အသက်ချမ်းသာပေးခဲ့ပါတယ်။ Cao Lei ဟာ သူ့ရဲ့ ချစ်သူကို ဘေးကင်းရာကို ပို့ဆောင်ပြီးနောက်မှာတော့ မိသားစုအတွက် လက်စားချေဖို့ ပြင်ဆင်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက သာမန်လက်စားချေတာမျိုး မဟုတ်ဘဲ သူ့ကို ရန်သူလို့ ထင်နေတဲ့သူက တကယ်ပဲ ရန်သူလား၊ ဒါမှမဟုတ် သူ့ကို ကူညီနေတဲ့သူလားဆိုတာ ဝေခွဲမရအောင် လှည့်ကွက်တွေ ပါဝင်ပါတယ်။ သစ္စာဖောက်မှုတွေ၊ အချစ်နဲ့ အမုန်းတွေကြားမှာ Cao Lei တစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်ချတွေချပြီး သိုင်းပညာနဲ့ ဖြေရှင်းသွားမလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်