ဒီဇာတ်ကားလေးကတော့ သိုင်းလောကရဲ့ထိပ်သီးဂိုဏ်းတွေထဲကတစ်ခုဖြစ်တဲ့ ထန်ဂိုဏ်းရဲ့ စွမ်းအား အကြီးဆုံးလျှို့ဝှက်လက်နက်ကြောင့်ဖြစ်လာတဲ့ တိုက်ပွဲတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ မငြိမ်မသက်တဲ့ကာလကို အဆုံးသတ်နိုင်ဖို့ သိုင်းလောကမှာတုနှိုင်းမဲ့တဲ့သိုင်းပညာကို တတ်မြောက်ဖို့ရာအတွက် ထန်ဂိုဏ်းချုပ် ထန်ယွမ်ရှန်းက သူရဲ့တတိယတပည့်ဖြစ်တဲ့သူ ထန်ရှင်းကို လျှို့ဝှက်ရတနာ "လင်လုံပုလဲ" ပြန်လည်ရယူရန် တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။ အမှားအယွင်းမရှိနိုင်ဟုထင်ခဲ့တဲ့ အစီအစဉ်မှာ မထင်မှတ်ပဲ ထျန်းနွီဂိုဏ်းရဲ့ မြင့်မြတ်တဲ့သူတော်စင်မ ပေါ်ထွက်လာတာကြောင့် ပျက်စီးသွားခဲ့ပြီး ထန်ဂိုဏ်းတစ်ခုလုံး ရက်ရက်စက်စက် မျိုးတုံးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ထန်ဂိုဏ်းရဲ့နောက်ဆုံး မျှော်လင့်ချက်ဖြစ်တဲ့ ထန်ယွမ်ဟာ အချစ်၊ အမုန်း၊ သံယောဇဉ်နဲ့ ကလဲ့စားချေခြင်းတို့ရဲ့ ဝဲဂယက်ထဲမှာ နစ်မွန်းနေပြီး ထန်ယွမ်တစ်ယောက် ဒီလေးလံတဲ့ခံစားချက်တွေနဲ့ ဂိုဏ်းရဲ့တာဝန်အတွက် ဘယ်လမ်းကို ဘယ်လိုဆက်လျှောက်သွားမလဲ...... Filesize : 1.30 GB / 693 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Action Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်