Baragaki: Unbroken Samurai (2021) ~ IMDb - 6.3/10, MyDramaList - 7.2/10 ~ ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။ အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ - ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။ Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်
ဇာတ်ကားကြည့်ရန်