Jumanji ရုပ်ရှင်တွေလိုမျိုး လက်တွေ့ကမ္ဘာကနေ ဂိမ်းထဲကို ရောက်သွားမဲ့ ပြင်သစ် Fantasy ရုပ်ရှင်တစ်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ ဂျာဟုမ်းတို့မိသားစုဟာ အားလပ်ရက်မှာ သူတို့အဖေဆီသွားလည် ကြရင်း မိသားစုဝင်တွေစုံတုန်း Werewolves of Miller's Hollow ဆိုတဲ့ Board gameကို ဆော့ဖို့လုပ်ကြပါတယ်။ အဲဒီဂိမ်းကတော့ တော်တော်များများသိကြတဲ့ မာဖီးယားဂိမ်းလို imposter ရှာရတဲ့ဂိမ်းပါ။ ကစားသမားတွေမှာ ကိုယ်ပိုင် ကာရိုက်တာတွေရှိကြပြီး မတူညီတဲ့ အစွမ်းတွေရှိပါတယ်။ အဲဒီအစွမ်းတွေကိုအသုံးချပြီး ညဘက် ရောက်တိုင်း ရွာထဲကလူတွေကိုအမဲလိုက်စားသုံးတဲ့ လူယောင်ဆောင် Werewolves တွေရဲ့သရုပ်မှန်ကိုဖော်ထုတ်ရမဲ့ဂိမ်းမျိုးပါ။ ဂျာဟုမ်းတစ်ယောက်ကတော့ ငယ်ငယ်က သူ့အဖေနဲ့ဆော့ခဲ့တဲ့ ဒီ ဘုတ်ဂိမ်းကို ဆော့ဖို့စိတ်အားထက်သန်နေပေမဲ့ ကျန်တဲ့ မိသားစုဝင်တွေကတော့ မဆော့ချင်ကြပါဘူး။ အသက်အရွယ်ကြီးလို့ မှတ်ဉာဏ်ချို့တဲ့နေပြီဖြစ်တဲ့ ဂျာဟုမ်းရဲ့ အဖေကလည်း ဂိမ်းရဲ့စည်းမျဉ်းတွေကို ဘာတစ်ခုမှမမှတ်မိတော့လို့ ကာရိုက်တာကတ်တွေပဲ ဝေပြီး ဆက်မဆော့ဖြစ်ဘဲ ကစားပွဲ ပျက်သွားပါတယ်။ ဂျာဟုမ်းတစ်ယောက် ကတ်တွေကို သိမ်းနေတုန်းမှာ ရုတ်တရက် Board game boxကြီးက လှုပ်ခါလာပြီး ငလျင်တွေလှုပ်လာပါ တော့တယ်။ ငလျင်လှုပ်လို့ မိသားစုဝင်တွေအကုန် မြေအောက်ခန်းထဲ ရောက်သွားပြီး အပြန်အထွက်မှာ 1497 ခုနှစ်ဆီကိုရောက်သွား ကြပါတော့တယ်။ အဲဒီကနေမှသိရလိုက်တာက သူတို့ဟာ ဆော့လက်စ boa
ဇာတ်ကားကြည့်ရန်