သမိုင်းဆိုတာ အောင်ပွဲတွေနဲ့သာ ရေးထားတာမဟုတ်ပါဘူး…တချို့စာမျက်နှာတွေကတော့ မပြောဝံ့ခဲ့တဲ့ နာကျင်မှုတွေ၊ အိမ်မပြန်နိုင်ခဲ့တဲ့ လူတွေရဲ့အိပ်မက်တွေနဲ့ ရေးသားထားတာပါ A Foggy Tale (2025) ဆိုတဲ့ ဒီရုပ်ရှင်လေးကလည်း ထိုင်ဝမ်ရဲ့ White Terror ခေတ်ကို အခြေခံထားပြီး နိုင်ငံရေးအကြောင်းထက် မိသားစုနဲ့ မျှော်လင့်ချက်ကို အဓိကထား ပြောပြထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ဒါရိုက်တာ Chen Yu-hsun ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ 1950 ပြည့်လွန်နှစ်များက ကူမင်တန်စစ်အုပ်ချုပ်ရေးအောက်မှာ နိုင်ငံရေးသံသယရှိသူတွေကို ဖမ်းဆီး ကွပ်မျက်မှုတွေ အများအပြား ဖြစ်ပွားခဲ့တဲ့ White Terror ကာလကို နောက်ခံထားထားတာ ဖြစ်ပါတယ်… အဲဒီလို နာကျင်စရာသမိုင်းကို လူတစ်ယောက်ချင်းစီရဲ့ ဘဝထဲကနေ တိတ်တိတ်လေး ပြောပြနိုင်ခဲ့တာကြောင့် 2025 Golden Horse Awards မှာ Best Narrative Feature ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ် ဇာတ်လမ်းကတော့ Chiayi မှာနေတဲ့ လူငယ်မိန်းကလေး အားယွဲ့ရဲ့ အစ်ကိုဟာ နိုင်ငံရေးအမှုနဲ့ ကွပ်မျက်ခံလိုက်ရပြီးနောက် သူ့ရဲ့ အရိုးအကြွင်းအကျန်ကို ပြန်လည်သယ်ဆောင်ဖို့ ထိုင်ပေကို တစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ်ဒါပေမဲ့ ဒီခရီးဟာ အစ်ကိုရဲ့ အရိုးကို ရှာဖွေတဲ့ ခရီးတစ်ခုတည်း မဟုတ်ဘဲ သိုဝှက်ထားတဲ့ အနာတရတွေ စစ်အပြီး မပြီးဆုံးသေးတဲ့ ဝမ်းနည်းမှုတွေ မတူညီတဲ့ လူတွေအကြား နားလည်မှုနဲ့ မေတ္တာကို ရှာတွေ့သွားတဲ့ ခရီးလည်း ဖြစ်လာပါတယ် လမ်းခရီးတစ်လျှောက် သူမဟာ စ
ဇာတ်ကားကြည့်ရန်