Agape: The Unconditional Love (2025) ဇာတ်လမ်းအကျဉ်း ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ အင်ဒိုနီးရှားရုပ်ရှင် Agape: The Unconditional Love ကားက နာမည်အတိုင်းပဲ "Agape" ဆိုတဲ့ အနှိုင်းမဲ့မေတ္တာ၊ အနစ်နာခံတဲ့ ချစ်ခြင်းတရားတွေအကြောင်းကို ရိုက်ကူးထားတဲ့ မျက်ရည်ချူကား (Tearjerker) လေးပါ။ ဒီဇာတ်လမ်းက ဆေးရုံတစ်ခုထဲမှာ ဆုံတွေ့ကြတဲ့ လူလေးစုရဲ့ ဘဝအခြေအနေတွေကို "Multi-plot" ပုံစံနဲ့ ယှက်နွယ်ပြီး တင်ပြထားတာပါ။ Kira က သွေးကင်ဆာ (Leukemia) ခံစားနေရတဲ့ ကလေးမလေးပါ။ သူ့အမေ Sania ကတော့ သမီးရဲ့ ဆေးကုသစရိတ်အတွက် မနက်ပိုင်းမှာ ဆိုင်ကယ်တက္ကစီ မောင်း၊ ညပိုင်းမှာ ကာရာအိုကေမှာ အလုပ်လုပ်ရင်း အစွမ်းကုန် ကြိုးစားနေသူပါ။ Gigi က မွေးရာပါ နှလုံးရောဂါရှင်ပါ။ သူ့မောင်လေး Gino ကတော့ အဆိုတော်ဖြစ်ချင်တဲ့ သူ့ အိပ်မက်တွေကို စွန့်လွှတ်ပြီး အစ်မကို ပြုစုစောင့်ရှောက်ပေးနေတဲ့ Caregiver တစ်ယောက်ပေါ့။ ကဖေးဆိုင်ပိုင်ရှင် Daffa က ကျောက်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေရပြီး သူ့သူငယ်ချင်းအရင်းခေါက်ခပ် Bimo က ဘေးနားကနေ အားပေးကူညီပေးနေပါတယ်။ ဆီးချိုရောဂါကြောင့် စိတ်ဓာတ်ကျပြီး လူအများအပေါ် ရိုင်းစိုင်းခတ်ထန်နေတဲ့ Joshua ကို သူ့ဇနီး Martha က သည်းခံပြီး မေတ္တာမပျက် ပြုစုပေးပုံကို တွေ့ရမှာပါ။ ဒီလိုမတူညီတဲ့ ဘဝတွေက ဆေးရုံမှာ ဆုံကြရင်းနဲ့ ရောဂါဝေဒနာတွေကြားထဲမှာ "မျှော်လင့်ချက်" နဲ့
ဇာတ်ကားကြည့်ရန်