100 Meters (2025) IMDB - 7.8/10, MyAnimeList - 8.3/10 ဇာတ်ကားနာမည်အတိုင်း မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲကို အခြေခံထားတဲ့ Anime ရုံတင်ကားသစ်လေးကို အသစ်ထွက်ရှိလာတာကြောင့် တင်ဆက်ပေးချင်ပါတယ်။ မီတာ ၁၀၀ ပြေးပွဲဆိုတာ တကယ်ကို တစ်ဖာလုံ ဒါမှမဟုတ် ဘတ်စ်ကားမှတ်တိုင် တစ်မှတ်တိုင်စာတောင်မရှိတဲ့ တာတိုပြေးပွဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ ကမ္ဘာ့အမြန်ဆုံး အူစိန်ဘော့ကြီး ပြိုင်တဲ့ပြိုင်ပွဲဆိုလည်း မမှားဘူးပေါ့ဗျာ။ အားကစားနဲ့ ပတ်သက်ပြီး Anime တွေ မခေဘူးဆိုတာ Haikyuu တို့ Slam Dunk တို့က သက်သေသာဓက ရှိပြီးသားပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင်တော့ Togashi ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်ကတည်းက မွေးရာပါ ပါရမီရှင်ခြေထောက်နဲ့ အရမ်းမြန်တဲ့ ၆ တန်းအရွယ် အပြေးသမားလေးတစ်ယောက်ပေါ့။ တစ်ရက်မှာ သူတို့ကျောင်းကို Komiya ဆိုတဲ့ ထူးဆန်းတဲ့ကောင်လေးတစ်ယောက် ပြောင်းလာခဲ့တယ်။ သူကလည်း ပြေးရတာကို နှစ်သက်ပေမဲ့ နည်းလမ်းမကျ ဘာမကျဖြစ်နေတော့ Togashi က ခင်တွယ်ပြီး သူ့ကို နည်းလမ်းတွေပြ လမ်းညွန်ပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့တာပေါ့။ အဲဒီမှာတင် တဖြည်းဖြည်း တတ်ကျွမ်းလာတဲ့ Komiya က ပါရမီရှင် Togashi ကိုပါ ယှဉ်နိုင်လောက်တဲ့ထိ တိုးတက်လာပါတယ်။ ဒါပေမဲ့လည်း တစ်ရက်ကျ Komiya ဟာ ရုတ်တရက် ထပ်ပြီး ကျောင်းပြောင်းသွားခဲ့ပါတော့တယ်။ အဲဒီကနေစလို့ Togashi အနေနဲ့ ကလေးဘဝ၊ အထက်တန်းကျောင်းသားဘဝနဲ့ လူငယ် ၂၀ ကျော် အားကစားဘဝ
ဇာတ်ကားကြည့်ရန်