Toxic (2025) IMDb Rating (6.8) / Rotten Tomatoes (91%) Toxic_2025 ( Russia လို Akiplesa) ဆိုတဲ့ ဇာတ်ကားဟာ ဒါရိုက်တာ Saule Bliuvaitė (Lithuania) ရဲ့ပထမဆုံး feature film ဖြစ်ပြီး မြို့ငယ်လေးက ကောင်မလေးနှစ်ယောက်ရဲ့ ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းပုံ (coming-of-age) ၊ မော်ဒယ်လ်လောကရဲ့ အမှောင်ဘက်ခြမ်းတွေ၊ broken family က လူငယ်ကောင်မလေး ရဲ့ ခံစားချက်တွေ လမ်းမှားပုံတွေကို အဓိကထားရိုက်ကူးထားတာတဲ့ ဆုပေါင်း၈ခုကျော် ရရှိထားတဲ့ဒရာမာ(Drama) ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကပေးတဲ့ ရင်ထဲမှာဆွေးနေစေမယ့် Theme တွေ ၊ လစ်သူအေးနီးယား (Lithuania) နိုင်ငံကမဖွံ့ဖြိုးသေးတဲ့ ဒေသက လူငယ်တွေရဲ့ဘဝတွေ၊ ဇာတ်လမ်းကိုပရိတ်သတ်အကြိုက်မဟုတ်ဘဲ နက်နဲတဲ့တွေးစရာလေးတွေနဲ့အဆုံးသတ်ထားတာမလို့ ကြည့်ရှုဖို့ကို အကြံပေးပါတယ်။ ဇာတ်လမ်းအကျဥ်း------- အသက် ၁၃ နှစ်အရွယ် မိန်းကလေး Marija ဟာ စက်မှုလုပ်ငန်းမြို့လေးတစ်မြို့မှာ အဖွားဖြစ်သူရယ် အဖေနဲ့အတူ နေဖို့ မိခင်က ပို့လိုက်လို့ ရောက်လာပါတယ်။ Marija ဟာ မွေးရာပါ ခြေထောက်တစ်ဖက် သိပ်မသန်တာကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံရလေ့ရှိပြီး အဖေကလဲ တခြားမိန်းမနဲ့သာပျော်ပါးနေတာမလို့ ဘဝကို အထီးကျန်မှု၊ စိတ်ဖိစီးမှုတွေနဲ့ ဖြတ်သန်းနေရသူပါ။ Kristina ဆိုတဲ့ကောင်မလေး Marija ရဲ့ ဒီဇိုင်နာဘောင်းဘီကို ခိုးယူရာကနေ သူတို့နှစ်ဦး ရန်ဖြစ်ခဲ့ကြပေမယ့် တူညီတဲ့ ဘဝအခြေအနေတွေ ရည်မှန်းချက်တွေ လွတ်မြောက်မှုတွေကို လိုချင်နေတ
ဇာတ်ကားကြည့်ရန်