Becoming Led Zeppelin (2025) IMDb Rating (7.5) / Rotten Tomatoes (84%) Stairway to Heavenတို့ Whole Lotta Loveတို့ Ramble Onတို့ Misty Mountain Hopတို့ What Is and What Should Never Beတို့ကို ဖန်တီးခဲ့တဲ့ Led Zeppelin တီးဝိုင်းအကြောင်း ဒိုကူမန်ထရီက သူ့နာမည်Becoming Led Zeppelinနဲ့ လိုက်အောင်ပဲ သူတို့ ဖြစ်တည်လာခြင်းအကြောင်းကို အသေးစိတ် ပြပေးထားတယ်။ တစ်ချက်ရှိတာက ပုံမှန်ဒိုကူတွေ ဒိုကူဒရာမာတွေမှာ သူတို့နဲ့သက်ဆိုင်တဲ့ အတင်းအဖျင်းတွေ ဘာတွေကို ပြတတ်ပေမဲ့ ဒီထဲမှာတော့ ဂီတနဲ့ ဂီတကို ချစ်တဲ့အကြောင်းတွေ ဂီတကို ယုံယုံကြည်ကြည် အသစ်တွေ ဖန်တီးခဲ့တဲ့အကြောင်းတွေကလွဲ ဘာမှမပါဘူး။ သူတို့အဖွဲ့က အတင်းအဖျင်းတော်တော်များခဲ့တဲ့ အဖွဲ့နဲ့မလိုက်အောင်ပဲ ဘာမှမပါဘူး။ ဂျင်မီပေ့စ်က ၁၄နှစ်သမီးလေးနဲ့တွဲခဲ့တာတို့။ နတ်ဆိုးကို ကိုးကွယ်တာတို့။ Stairway to Heavenသီချင်းကို Reverseလုပ်ပြီး နားထောင်ရင် Satanic Messages ကို ကြားရတာတို့ မနည်းပေမဲ့ ဒီမှာ ဘာမှမပါဘူး။ ဘာမှ ထည့်မရှင်းသွားဘူး။ သူတို့ကလဲ ပေးမထည့်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဒါကပဲ ဒီဒိုကူမန်ထရီကို ဂီတဒိုကူမန်ထရီ စစ်စစ်ဖြစ်အောင် လုပ်ပေးလိုက်ပုံပဲ။ အရသာကတော့ ဘန်တွေအကြောင်းတွေ စိတ်ဝင်စားရင် ဂေါ်တယ်။ ပုံစံကတော့ သူတို့နဲ့အင်တာဗျူးတယ်။ အရင်ကဗီဒီအဟောင်း ပုံအဟောင်းတွေပြတယ်။ သူတို့ငယ်ကတည်းက ဂီတကို ဘယ်လိုစလုပ်ဖြစ်တယ်ဆိုတာတွေကနေ စတယ်။ တော်တော်ချီးကျူးစရာကောင်းတဲ့လူတွေဆိုတဲ့ အပိ
ဇာတ်ကားကြည့်ရန်