ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ သည်းထိတ် ရင်ဖိုအက်ရှင်ကားလေးပဲဖြစ်ပါတယ်... ဒီကားလေးမှာဆိုရင် စစ်လက်နက်ပစ္စည်းများကို ခိုးယူ ရောင်းချကြမယ့် မရိန်းတပ်သားဟောင်းများ ကြုံကြိုက်ရတဲ့ အလွဲအမှားအကြောင်းကို သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်.. လူတစ်ယောက်ဟာ တံခါးနီနီကြီးဆီ ရည်ရွယ်ရင်း သေနတ် တစ်လက်နဲ့ ရမ်းသန်းပစ်ခတ်လျက် အခန်းထဲဝင်လာမယ့် သတ္တဝါကြီးကို ထိတ်လန့်ကြောက်ရွံ့ရင်း ဇောချွေးများ အပြိုက်ပြိုက်ကျနေပါတယ်.. ထိုသူရဲ့ အသက်လုံခြုံမှုဟာတော့ ကျည်ရာများ ပွထနေတဲ့ တံခါးရဲ့ လက်ကိုင်မှာကန့်လန့်ခံထားတဲ့ တူတစ်လက် အပေါ်မှာ မူတည်လျက်… ထိုအဖြစ်အပျက်ဟာ စားပွဲဝိုင်းလေးတစ်လုံးပေါ်က ဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ဆိုရင် မမှားပါဘူး စစ်တပ်ကြီးတစ်ခုရဲ့ စစ်လက်နက်ပစ္စည်းများဟာ လုံခြုံရေး လျော့ရဲလှတဲ့ အရပ်သားကုန်လှောင်ရုံတစ်ခုဆီကို ထူးထူး ဆန်းဆန်းရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းဟာ မရိန်း တပ်သားဟောင်းများအဖို့ ယုံနိုင်ခဲလှပါတယ်.. သို့သော်လည်း ၎င်းတို့ကို သတင်းပေးလာသူမှာ ကုန်လှောင် ရုံမှာ နှစ်ရှည်အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရောင်းချရမယ့် ငွေပမာဏဟာလည်း မက်လောက်စရာဖြစ်တဲ့အတွက် အလုံးစုံယုံကြည်လိုက်ပြီး စစ်လက်နက်ပစ္စည်းများကို ခိုးယူဖို့ အစီအစဉ်ချကြပါတော့တယ်... စစ်တပ်ကြီးတစ်ခုလုံးကို ထောက်ပံ့နိုင်တဲ့ လက်နက်များဟာ သာမန်ဂိတ်စောင့်လုံခြုံရေးတစ်ဦးရဲ့ အစောင့်အရှောက် အောက်မှာ ရှိတဲ့အတွက်ကြောင့် လွယ်လင့
ဇာတ်ကားကြည့်ရန်