စူပါဟီးရိုးကားဆိုတာနဲ့ အင်္ဂလိပ်ကားတွေပဲ သတိရမိကြတယ်ဟုတ်...အခုတော့ တရုတ်သဘာဝလွန် စူပါဟီးရိုးကားကို ဘာသာပြန်တင်ဆက်ပေးထားပါတယ်... ရိုးရိုးလေးကြည့်ရင်တော့ အတော်ရယ်ရတဲ့ ပေါကားလို့ မြင်နိုင်ပေမယ့် နှလုံးသားနဲ့ ခံစားပြီးကြည့်မယ်ဆိုရင် ပြောင်းလဲလာတဲ့ ခေတ်ကာလနောက်ကို အမှီလိုက်ရင်း မိမိတို့ကိုယ်ပိုင်ဘဝကို ပျောက်ဆုံးလာတဲ့ လူငယ်တစ်စုရဲ့ဘဝကို ထင်ဟပ်နေတယ်ဆိုတာ ခံစားမိလာစေမယ့် ဇာတ်ကားလေးပါ... "အင်အားကြီးမားတဲ့ စွမ်းအားထက် လူသားတစ်ယောက်ရဲ့ တာဝန်ယူမှုနဲ့ သတ္တိက ပိုအရေးကြီးတယ်။" ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရမယ်ဆိုရင်တော့... စူပါပါဝါပိုင်ဆိုင်ထားသူတွေနဲ့ လူသားတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ စူပါဟီးရိုးအဖွဲ့အကြောင်းကို ဟာသ၊ အက်ရှင်နဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်အိမ်တို့ ပေါင်းစပ်ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်.. လွန်ခဲ့တဲ့ နှစ် ၃၀ က ဖြစ်ပွားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေမုန်တိုင်းတစ်ခုကြောင့် လူသားထောင်သောင်းချီမှာ စူပါပါဝါတွေ နိုးထလာခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘာမြေရဲ့ တည်နေရာကို သိရှိသွားတဲ့ ဂြိုဟ်သားစစ်သင်္ဘောအုပ်စုတွေက ကမ္ဘာကို ကျူးကျော်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေအပြီးမှာတော့ လူသားတွေဟာ ငြိမ်းချမ်းရေးကို ပြန်လည်ရရှိခဲ့ကြပါတယ်။ဒီလိုအခြေအနေမှာ ဂြိုဟ်သားကျူးကျော်မှုတွေ ပြန်လည်ဖြစ်ပွားလာနိုင်တာကို ကြိုတင်ကာကွယ်ဖို့ အထူးကိုယ်စား
ဇာတ်ကားကြည့်ရန်