IMDb Rating – 6.5/10 ဒီကားကိုတော့ ဒါရိုက်တာ Lucie Guest ရိုက်ကူးထားပြီး မင်းသား Andrew Walker နဲ့ မင်းသမီး Ashley Williams တို့ကပါဝင် သရုပ်ဆောင်ထားပါတယ်။ ခရစ်စမတ်ပွဲတော်ချိန်လဲနီးလာပြီဆိုတော့ ခရစ်စမတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီကားလေးဟာတော့ အချစ်ဇာတ်လမ်းတစ်ခုကို ဟာသဆန်ဆန်ရိုက်ကူးထားပြီး ခရစ်စမတ်ပွဲတော်အကြောင်းလဲ အများအပြားပါဝင်တဲ့အတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းပါ။ အယ်ဗရီဆိုတဲ့မူကြိုကျောင်းဆရာမလေးက ကလေးတွေတွက် စာဖတ်ခန်းလုပ်ဖို့ အလှူငွေရှာနေတာဖြစ်ပြီးတော့ စာဂျပိုး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကစာအုပ်တွေကို ကြိုက်သလောက် အားကစားကတော့ သုညလို့တောင် ပြောလို့ ရတဲ့ထိပါပဲ။ ဒီလိုနဲ့ gym trainer အမဖြစ်သူရဲ့ကောင်းမှုနဲ့ ခရစ်စမတ်ပြိုင်ပွဲတစ်ခုမှာ ဒေါ်လာတစ်သန်းအတွက် ပါဝင် ယှဉ်ပြိုင်ဖို့ဖြစ်လာပါတယ်။ စာလုံးဆက်ပဟေဠိတွေမှာ အရမ်းတော်တဲ့အယ်ဗရီကတော့ ပြိုင်ပွဲကိုနိုင်ဖို့ထက် အရင်ဆုံး မထွက်ရဖို့ဆိုတဲ့ ပန်းတိုင်နဲ့သွားပြိုင်မှာပါ။ ဝက်စ်ကတော့ ဟော်ကီကစားသမားဟောင်းဖြစ်ပြီး အနားယူပြီး ကတည်းက နာမည်ကျနေတဲ့သူပါ။ ဒီလိုနဲ့ သူ့ကျော်ကြားမှုတွေ ပြန်ရဖို့အတွက် ခရစ်စမတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့လုပ်ပါတော့တယ်။ အားကစားမှာအရမ်းထူးချွန်ပေမဲ့ ဗဟုသုတကတော့ သုညဖြစ်နေတဲ့ ဝက်စ်ကတော့ ဘာပဲဖြစ်ဖြစ်သူနိုင်ရမယ်ဆိုပြီး ယှဉ်ပြိုင်လိုစိတ် အပြည့်နဲ့ ဆုကိုရဖို့ပြိုင်ပွဲဝင်တာပါတဲ့။ ဒီလိုနဲ့ အရာရာဆန့်ကျင်ဘက်နှစ်ယောက်
ဇာတ်ကားကြည့်ရန်