Undertone (2026) IMDb Rating (6.2) / Rotten Tomatoes (74%) Undertone ဆိုတာ A24 ကနေ ဒီ ၂၀၂၆ မတ်လလယ်လောက်မှာ အသစ်ထွက်ထားတဲ့ ရုပ်ရှင်ကားလေးပါ။ ရုပ်ရှင်ချစ်သူတွေ သိတဲ့အတိုင်းပဲ A24 ဆိုတာ ပုံမှန်သရဲကားတွေထက် စိတ်ကိုခြောက်ခြားသွားအောင် လုပ်နိုင်တဲ့ (Psychological Horror) ကားကောင်းတွေ အများကြီး ထုတ်ထားလို့ နာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးပါပဲ။ အရင်က သူတို့ဆီကနေ Hereditary (2018), Midsommar (2019), Talk to Me (2022), The Witch (2015) စတဲ့ ကားကောင်းတွေ ထွက်ခဲ့ဖူးပါတယ်။ အခုတစ်ခါ ဖြန့်ချိလိုက်တဲ့ Undertone ကားလေးကလည်း Liminal Horror အမျိုးအစားလေးဖြစ်ပြီး ကြည့်နေရင်းနဲ့ တဖြည်းဖြည်း ကျောချမ်းလာအောင် ဖန်တီးထားပါတယ်။ Ian Tuason ရိုက်ထားတဲ့ သူ့ရဲ့ ပထမဆုံး ဇာတ်ကားရှည် (Debut Feature) လေးပါ။ သူကိုယ်တိုင် ကြုံခဲ့ရတာလေးတွေကို အခြေခံပြီး ရိုက်ထားတာလို့ သိရပါတယ်။ အဓိက ဇာတ်ကောင် Evy အဖြစ် Nina Kiri က ပါဝင်ထားပြီး၊ သူ့ရဲ့ Podcast အတူလုပ်တဲ့ Justin နေရာမှာတော့ Adam DiMarco က အသံနဲ့ပဲ သရုပ်ဆောင်ထားပါတယ်။ Evy ရဲ့ အမေနေရာမှာတော့ Michèle Duquet က ပါဝင်ထားပါတယ်။ ဒီကားရဲ့ ထူးခြားချက်က တစ်ကားလုံးမှာ Evy ရော သူ့အမေရော နှစ်ယောက်တည်းကိုပဲ ကင်မရာရှေ့မှာ မြင်ရမှာဖြစ်ပြီး ကျန်တဲ့သူတွေအကုန်လုံးက အသံအနေနဲ့ပဲ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက Evy ဆိုတဲ့ ကောင်မလေးကို အဓိကထား ရိုက်ပြထားပါတယ်။ သူက သရဲတစ္ဆေအကြ
ဇာတ်ကားကြည့်ရန်