Mike & Nick & Nick & Alice (2026) IMDb Rating (6.5) / Rotten Tomatoes (72%) ဒီကားလေးကတော့ Action, Comedy နဲ့ Sci-Fi ကို အချိုးကျကျ ရောမွှေထားတဲ့ ကားကောင်းလေးတစ်ကားပါ။ ဒါရိုက်တာ BenDavid Grabinski ရဲ့ လက်ရာသစ်ဖြစ်ပြီး ဟာသသရုပ်ဆောင် Vince Vaughn၊ James Marsden နဲ့ မင်းသမီးချော Eiza González တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက မိုက် (James Marsden) နဲ့ နစ်ခ် (Vince Vaughn) ဆိုတဲ့ ဂိုဏ်းစတား လူမိုက်နှစ်ယောက်အကြောင်းပါ။ အဲဒီမှာ နစ်ခ်ရဲ့ မိန်းမ အဲလစ် (Eiza González) ကလည်း အဓိကနေရာက ပါသေးတယ်။ ပြဿနာက မိုက်ရော အဲလစ်ရောက တိတ်တိတ်ပုန်း ဖောက်ပြန်နေကြတာပဲ။ မိုက်က ဒီလူမိုက်ဘဝကနေ ထွက်ပြီး အေးအေးဆေးဆေး နေချင်နေပြီ။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်ကြီး ဆိုဆာ (Keith David) ရဲ့ သားဖြစ်သူ ငတုံး ဂျင်မီဘွိုင်း ထောင်ကထွက်လာတဲ့ ပါတီညမှာပဲ အရာအားလုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတော့တယ်။ လက်ရှိအချိန်က နစ်ခ်က မိုက်ကို သတင်းပေးပါဆိုပြီး နာမည်ဖျက်၊ သတ်ပစ်ဖို့ ကြံစည်ထားတာပါ။ ဒါပေမဲ့ အနာဂတ် (၆ လလောက်ကနေ) အချိန်ခရီးသွားပြီး ရောက်လာတဲ့ နောက်ထပ် နစ်ခ်တစ်ယောက် (Future Nick) ပေါ်လာတဲ့အခါ ဇာတ်လမ်းက ပိုရှုပ်သွားတယ်။ အနာဂတ်နစ်ခ်က အဲဒီညမှာ သူလုပ်ခဲ့တဲ့ အမှားကြီးကို အရမ်းနောင်တရလို့ လက်ရှိနစ်ခ်ကို လာတားတာပါ။ ဆိုတော့ မိုက်၊ အဲလစ် နဲ့ အနာဂတ်နစ်ခ်တို့ သုံးယောက်ပေါင်းပြီး ဂိုဏ်းစတား လူသတ်သမား တွေ ဝိုင်းနေတဲ
ဇာတ်ကားကြည့်ရန်