The Ladder (2025) “ဘဝကို တစ်ခါပြန်စခွင့်ရရင် မင်းဘာကို ပြန်ရွေးမလဲ?” အသက်အရွယ်ကြီးလာတာနဲ့အမျှ လူတစ်ယောက်ဟာ အောင်မြင်မှုတွေထက် မိသားစု၊ ဆုံးရှုးမှုတွေနဲ့ မပြေလည်သေးတဲ့အတိတ်တွေကို ပိုပြီးတွေးလာတတ်ပါတယ်။ အသက်အရွယ်ရလာတဲ့ Alaska က တံငါသည်"အာတီ" ဟာ သူ့မိန်းမ မရှိတော့တဲ့နောက်မှာ သားဖြစ်သူ ရိုင်ယန်နဲ့လည်း အရင်လို ရင်းနှီးမှုမရှိတော့ဘဲ အထီးကျန်တဲ့ဘဝကို ဖြတ်သန်းနေရတဲ့သူပါ။ တစ်နေ့မှာတော့ သူ့ဘဝကို လုံးဝပြောင်းလဲသွားစေနိုင်တဲ့ အခွင့်အရေးတစ်ခု ပေါ်လာခဲ့ပါတယ်။ သိပ္ပံနည်းပညာအသစ်တစ်ခုက လူတစ်ယောက်ရဲ့ အမှတ်တရတွေကို အသက်ငယ်တဲ့ ခန္ဓာကိုယ်တစ်ခုထဲကို ပြောင်းရွှေ့ပေးနိုင်ပြီး နောက်တစ်ကြိမ် ပြန်ငယ်ပြီး ဘဝသစ်တစ်ခု စတင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးလာတာပါ။ ဒါပေမယ့် ဒုတိယအကြိမ်အသက်ရှင်ခွင့်ရဖို ကြိုးစားရင်း အာတီ ရဲ့ မိသားစုဆက်ဆံရေး၊ အတိတ်က မပြေလည်သေးတဲ့အရာတွေ၊ နည်းပညာရဲ့ အကျိုးဆက်တွေက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ အာတီတစ်ယောက် သူ့သားနဲ့အတိုက်အခံလုပ်ပြီး ကုထုံးလုပ်ဖြစ်သွားမလား.... သူချစ်ရတဲ့မိသားစုကိုပဲ ရွေးချယ်ဖြစ်မလား... “ဒုတိယအခွင့်အရေး” တစ်ခုရလာတဲ့အခါ လူတစ်ယောက်ရဲ့ဘဝ ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာမို ကြည့်သင့်တဲ့ ဇာတ်ကားစာရင်းထဲ ထည့်လိုက်တော့နော်
ဇာတ်ကားကြည့်ရန်