The Strongest Magician in the Demon Lord's Army Was a Human (2024) Original title - Maougun Saikyou No Majutsushi wa Ningen data Genre – Anime, Dark Fantasy, Adventure, Isekai ဒီ Anime လေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ MC က နတ်ဆိုးသခင် စစ်တပ်ထဲက လူသားမှော်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဆိုတော့ ထူးထူးခြားခြား MC ကို Demon တွေဖက်ကနေ အမြင်လေးနဲ့ ကြည့်ရတာပေါ့။ ဒါပေမဲ့ သူ့ကို လူသားဆိုတာ သိတာကတော့ သူ့ကို နည်းလမ်းပေါင်းစုံနဲ့ မြူစွယ်နေကြ ဆက်ဆီကျကျ အထက်အရာရှိ မှော်ဆရာမတစ်ယောက်တည်း ရှိတာပါ။ ကျန်တဲ့လူတွေ မသိအောင်လို့လည်း အမြဲတမ်း ဝတ်ရုံတကားကားရယ် မျက်နှာဖုံးရယ် တပ်ထားရသူပါ။ ဒီ အမှတ် ၇ တပ်ထဲမှာ သူတာဝန်ယူထားရတာက မသေမျိုးတပ်ဖွဲ့မှူးတစ်ယောက်အနေနဲ့ပေါ့။ ဒါပေမဲ့ MC က နတ်ဆိုးတွေဖက်ကမို့ အရမ်း ယုတ်မာရိုင်းစိုင်း ကြမ်းတမ်းနေတာမျိုးလည်း မဟုတ်ဘူး၊ လူတစ်ယောက်ဖြစ်တဲ့အတွက် စစ်ဆိုတာကို မနှစ်သက်တာတွေ၊ မလိုရင် လူမသတ်တာတွေ၊ ပရိယာယ်ကြွယ်ဝတာတွေ၊ နတ်ဆိုး-လူသား ယှဉ်တွဲနေထိုင်ဖို့ အမြဲတမ်း တွေးတောပြီး ဖြစ်မြောက်အောင် လုပ်ချင်နေတဲ့လူတစ်ယောက်။ တစ်ရက်တော့ လူသားမြို့တစ်မြို့ ဝင်သိမ်းပိုက်တုန်း သူက လူသားဆိုတာကို လူသားအိမ်ဖော်မလေးက တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ၊ နတ်ဆိုးသခင်နဲ့ မင်းသား ဘယ်လိုတွေ ကြုံတွေ့ရမလဲ၊ နတ်ဆိုးသခင်စစ်တပ်က လူသားတစ်ယောက်အနေနဲ့ တခြားလူတွေမသိအောင်လည်းနေရင်း ကြုံတွေ့ရမယ့်အခက်အခဲတွေကို တ
ဇာတ်ကားကြည့်ရန်