ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ငယ်ဘဝရဲ့စိတ်ဒဏ်ရာတွေကြား ကြီးပြင်းလာရင်း ခက်ခဲတဲ့နေ့ရက်တွေအတွက် နေရောင်ခြည်လေးကို ရှာတွေ့သွားတဲ့လူငယ်လေးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းဇာတ်အိမ်က လူငယ်ချစ်ဇာတ်လမ်းဆိုပေမဲ့ MC က မတော်တဆမှုတစ်ခုကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့သွားသူမို့ ပြောရမယ်ဆို စလာကတည်းက ဇာတ်က အတော်နာနေပါပြီ။ နာနေတဲ့ဘဝကြီးအတွက် နေရောင်ခြည်လေးကို ရှာတွေ့သွားတဲ့နောက် ဘဝဟာ နေပျော်စရာကောင်းလာတယ်ဆိုတာကို တသိမ့်သိမ့်ကြည်နူးရင်း ကြည့်ရှုစီးမြောရမှာပါနော်။ အဓိကဇာတ်ကောင်တွေအဖြစ် Treasure at Dawn မှာ MC အဖြစ်ပါဝင်ခဲ့တဲ့ Su Xiao Tong နဲ့ ခပ်လန်းလန်းကိုလူချောလေး He Luo Luo တို့က တွဲဖက်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ငယ်စဉ်ကလေးဘဝတုန်းက မတော်တဆဖြစ်ရပ်တစ်ခုကြောင့် လက်တစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ အမြဲတမ်း တက်ကြွရွှင်လန်းနေတဲ့ ကောင်မလေးတစ်ယောက်တို့ဟာ အိမ်နီးချင်းတွေအဖြစ် နှစ်ပေါင်း (၂၀) နီးပါး အတူတူကြီးပြင်းလာခဲ့ကြပါတယ်။ ဘဝရဲ့ခက်ခဲကြမ်းတမ်းတဲ့စမ်းသပ်ချက်တွေ၊ အနိမ့်အမြင့်တွေကြားထဲမှာ သူတို့နှစ်ယောက်ဟာ အပြန်အလှန်ကူညီကြရင်း အတူတကွရင့်ကျက်လာကြပါတယ်။ အချိန်တွေကုန်လွန်ပြီးနောက်မှာတော့ My Crab Girl ဆိုတဲ့ကာတွန်းစာအုပ်လေးက သူတို့နှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့ပြီး ရင်ထဲမှာ နှစ်ပေါင်းများစွာ လျှို့ဝှက်သိမ်းဆည်းထားခဲ့ကြတဲ့ ဆယ်စုနှစ်တစ်ခုစာအချစ်တွေကို အချင်း
ဇာတ်ကားကြည့်ရန်