The Trauma Code: Heroes on Call
2025 · ဇာတ်လမ်းတွဲ
The Hunting Party (Season 1)
2025 · ဇာတ်လမ်းတွဲ
Good Heavens! I'm a Goose not a Swan
2025 · ဇာတ်လမ်းတွဲ
Study Group
2025 · ဇာတ်လမ်းတွဲ
American Primeval
2025 · ဇာတ်လမ်းတွဲ
Hound's Hill
2025 · ဇာတ်လမ်းတွဲ
The Pitt (Season 1)
2025 · ဇာတ်လမ်းတွဲ
Subteran
2025 · ဇာတ်လမ်းတွဲ
Unmasked
2025 · ဇာတ်လမ်းတွဲ
Motel California
2025 · ဇာတ်လမ်းတွဲ
Missing You
2025 · ဇာတ်လမ်းတွဲ
The Queen Who Crowns
2025 · ဇာတ်လမ်းတွဲ
When the Stars Gossip
2025 · ဇာတ်လမ်းတွဲ
Love Scout
2025 · ဇာတ်လမ်းတွဲ
Kiss Kiss Sxx (2025) အပိုင်း 1 မှ 8 စဆုံး အခုတစ်ခါမှာတော့ မင်းသား Im Gun Hyuk, Park Gyeol, Cho Myeong Gyun, Kin Myoung Je, Seol Jong Hwan,Ko Seong Gwan,Kim Young Kuk,Jo Min Chan, Park June Mok, Seol Jun Hyeong တို့ အဓိက ပါဝင်ထားတဲ့ ရိုမန့်စ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း အချစ်ဆိုတာက ကြိုတင်သတိပေးခြင်းမရှိဘဲ ကိုယ့်အနားကို ရောက်လာတတ်တဲ့အရာပဲ မဟုတ်ပါလား။ တစ်ခါတလေ မျက်လုံးချင်းဆုံမိတဲ့ အခိုက်အတန့်လေးကနေ စတင်လာတတ်သလို၊ တစ်ခါတလေမှာတော့ မထင်မှတ်ထားတဲ့ တွေ့ဆုံမှုတစ်ခုက ဘဝတစ်ခုလုံးကိုတောင် ပြောင်းလဲပေးတတ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ အချစ်ရဲ့ အစပြုချိန်လေးတွေကို မတူညီတဲ့ပုံစံတွေနဲ့ အပိုင်းတိုလေးများအဖြစ် ပုံဖော်တင်ဆက်ထားပါတယ်။ အပိုင်းတစ်ပိုင်းစီတိုင်းမှာ ဇာတ်ကောင်တွေ၊ အကြောင်းအရာတွေ၊ ခံစားချက်တွေနဲ့ တွေ့ဆုံပုံတွေက မတူညီကြပေမယ့် လူနှစ်ယောက်ကြားက နူးညံ့လှပတဲ့ ချစ်ခြင်းမေတ္တာကို ပုံစံအသစ်အဆန်းလေးတွေနဲ့ တင်ဆက်ပေးထားတာကြောင့် ကြည့်ရှုသူတိုင်းကို အချစ်ရသမျိုးစုံ ခံစားရစေမှာပါ။ ပေါ့ပေါ့ပါးပါး BL ရိုမန့်စ်ဇာတ်လမ်းလေးတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတစ်ခု ဖြစ်မှာ သေချာပါတယ်။ ဒါဆို Kiss Kiss Sxx (2025) ထဲက အချစ်ရသမျိုးစုံကို အတူတူ ခံစားလိုက်ကြရအောင်နော်။ Episodes: 8 Aired: Oct 29, 2025 - Dec 18, 2025 Aired On: Wednesday
ဇာတ်ကားကြည့်ရန်Kiss Kiss Sxx
2025 · ဇာတ်လမ်းတွဲ
E.B. White's Charlotte's Web (2025) S1 +++++++++++++++++++ အပိုင်း ( ၁ မှ ၃ ) အထိ စ / ဆုံး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတုန်းက HBO Max မှာ ပြသခဲ့တဲ့ အသစ်စက်စက် ကာတွန်းဗားရှင်း "Charlotte's Web" (2025) က အရင်ကလို ရုပ်ရှင်အရှည်ကြီး မဟုတ်ဘဲ ၃ ပိုင်းခွဲပြီး ရိုက်ကူးထားတဲ့ မီနီစီးရီး (Miniseries) ပုံစံမျိုး ဖြစ်သွားတာပါ။ ဒီစီးရီးလေးမှာ အပိုင်း ၃ ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို ၄၅ မိနစ်စီ ကြာမြင့်ပါတယ်။ စာရေးဆရာ E.B. White ရဲ့ ၁၉၅၂ ခုနှစ်ထွက် ဂန္ထဝင်ကလေးပုံပြင်စာအုပ်ကို မူရင်းအတိုင်း အသေးစိတ် အသက်သွင်းပုံဖော်ထားတာပါ။ အော်စကာဆုရ ရုပ်ရှင်ဖန်တီးရှင် Luke Matheny က ကိုယ်တိုင်ဦးစီးပြီး ဇာတ်ညွှန်းရေးသားထားတာဖြစ်ပြီး၊ ကလေးအကြိုက် Sesame Street ကို ထုတ်လုပ်တဲ့ Sesame Workshop နဲ့ Guru Studio တို့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ ခေတ်မီ 3D CGI ကာတွန်းစနစ်ကို အသုံးပြုထားတာမို့လို့ တိရစ္ဆာန်လေးတွေရဲ့ ပုံစံက ပိုအသက်ဝင်ကာ ချစ်စရာကောင်းနေပါတယ်။ ဒီဗားရှင်းသစ်မှာ နာမည်ကြီး ဟောလီဝုဒ်မင်းသား၊ မင်းသမီးတွေက အသံနဲ့ ပါဝင်အားဖြည့်ပေးထားကြတာမို့ အသံတွေကို နားထောင်ရုံနဲ့တင် တန်နေပါတယ်။ ဇာတ်လမ်းက Wilbur ဆိုတဲ့ ဝက်ကလေးကနေ စပါတယ်။ သူက မွေးကတည်းက အကောင်သေးလွန်းလို့ ပိုင်ရှင်က သတ်ပစ်ဖို့ လုပ်တဲ့အချိန်မှာ Fern ဆိုတဲ့ ကောင်မလေးက သနားပြီး မွေးစားလိုက်ပါတယ်။ အဲဒီလိုနဲ့ Wilbur လေးဟာ Fern ရဲ့ ဂရုစိုက်မှုအောက
ဇာတ်ကားကြည့်ရန်E.B. White's Charlotte's Web
2025 · ဇာတ်လမ်းတွဲ
Plaha (2025) Plaha က မော်လ်ဒိုဗာနဲ့ ရိုမေးနီးယား ပူးပေါင်းရိုက်ကူးထားတဲ့ ရာဇဝတ်မှုဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒါရိုက်တာ igor cobileanski မှ တာဝန်ယူရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအရ ၁၉၈၀ ကျော် ဆိုဗီယက်ယူနီယံ ပြိုကွဲခါစအချိန်ကနေ စထားပြီး မော်လ်ဒိုဗာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဆယ်စုနှစ် ၃ ခုစာလောက် ကြုံခဲ့ရတဲ့ ဆူပူအုံကြွမှုတွေကို အခြေခံထားပါတယ်။ ဇာတ်လိုက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြက်သလောက် ရက်စက်တတ်တဲ့ ပလာဟာဆိုတဲ့ လူငယ်လေးတစ်ယောက်ပါ။ အစပိုင်းမှာ အကြမ်းဖက်လောကထဲ အရင်ခြေချခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နိုင်ငံရဲ့ နိုင်ငံရေးအသိုင်းအဝိုင်းထဲအထိ သြဇာအာဏာရှိလာအောင် ကြိုးစားခဲ့ပုံကို ပြထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မော်လ်ဒိုဗာနိုင်ငံရဲ့ စီးပွားရေးပျက်ကပ်၊ အကျင့်ပျက်ခြစားမှုနဲ့ အာဏာလုပွဲတွေကို အရှိအတိုင်း ရိုက်ပြထားပါတယ်။ အဖွဲ့အစည်းတွေ ပျက်စီးနေတဲ့ကြားက အချင်းချင်းအာဏာလုကြတဲ့ အားပြိုင်မှုတွေကို သေချာလေးမြင်ရမှာပေါ့။ လူတစ်ယောက်ရဲ့ လောဘနဲ့ ပရိယာယ်တွေက နိုင်ငံတစ်ခုလုံးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာရယ်နဲ့ ဥရောပအရှေ့ပိုင်းရဲ့ အမှောင်ဘက်ခြမ်းနဲ့ အာဏာလုပွဲတွေကို ကြည့်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။
ဇာတ်ကားကြည့်ရန်Plaha
2025 · ဇာတ်လမ်းတွဲ
Escaping Bolivia (2025) ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ "Escaping Bolivia" ဟာ ဒါရိုက်တာ Emilie Beck နဲ့ Anna Gutto ရိုက်ကူးထားတဲ့ Drama Thriller ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို Emilie Beck ကိုယ်တိုင် ဖန်တီးရေးသားထားပြီး Fenomen နဲ့ 4 ½ ထုတ်လုပ်ရေးတို့က တင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအရ အပျော်ခရီးထွက်လာတဲ့ နော်ဝေအမျိုးသမီးငယ်သုံးယောက် ဘိုလီဗီယာလေဆိပ်မှာ ကိုကင်းမှောင်ခိုမှုနဲ့ ဖမ်းဆီးခံလိုက်ရတာကနေ အစဖွင့်ထားပါတယ်။ အဲ့ဒီအမှုကြောင့်ပဲ သူတို့ သုံးယောက်လုံးဟာ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲရောက်ပြီး မကြာခင်မှာပဲ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ လိမ်လည်လှည့်ဖြားမှုတွေ၊ သစ္စာဖောက်မှုတွေနဲ့ ဝန်းရံနေပြီး ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူးဆိုတာကို သိရှိသွားပါတယ်။ နော်ဝေအစိုးရဆီက အကူအညီကို မျှော်လင့်ချက်ကင်းမဲ့စွာ စောင့်ဆိုင်းနေရင်းကနေ မထင်မှတ်ထားတဲ့ နေရာတစ်ခုက အကူအညီရရှိခဲ့ပြီး အသက်နဲ့ရင်းရမယ့် အန္တရာယ်များလှတဲ့ ထောင်ဖောက်ထွက်ရေး အစီအစဉ်ကို စတင်အကောင်အထည်ဖော်ကြပါတော့တယ်။ ရင်တထိတ်ထိတ်ကြည့်ရမယ့် ထောင်ဖောက်ပြေးတဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။
ဇာတ်ကားကြည့်ရန်Escaping Bolivia
2025 · ဇာတ်လမ်းတွဲ
Chad Powers (2025) Season 01/02 (စ/ဆုံး) မင်းသားချော Glen Powell ဖန်တီးထားတဲ့ ဒီ American sports comedy စီးရီးက ၂၀၂၅ ခုနှစ်မှာ Season 1 ကို အပိုင်း ၆ ပိုင်း ထွက်ရှိထားတာ ဖြစ်ပါတယ်။ Glen Powell ကိုယ်တိုင် အဓိကဇာတ်ကောင် ဖြစ်တဲ့ ချတ်ပါဝါးစ်ဆိုတဲ့ နေရာမှာ ပါဝင်ထားပြီး မင်းသမီး Perry Mattfeld နဲ့ မင်းသား Steve Zahn တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရက်စ်ဟောလီဒေးဆိုတဲ့ နာမည်ကျော် ဘောလုံးကစားသမား (ကွင်းလယ်လူ) ဟာဆိုရင် သူတို့အဖွဲ့ ချန်ပီယံဆုရမယ့် ဖိုင်နယ်ပွဲမှာမှ အမှားလုပ်မိတဲ့အတွက် တစ်ဖက်အသင်းက ချန်ပီယံဆုကို ရသွားခဲ့တယ်။ ဒါအပြင် သူ့ကို အားပေးတဲ့ ကင်ဆာရောဂါသည်ကလေးလေးက သူ့ကိုကွင်းဘေးကနေ အားပေးစကားပြောတာကို ပွဲကရှုံးသွားတဲ့အတွက် ရှုံးမဲမဲပြီး ကလေးအဖေဖြစ်သူကို မချေမငံ ပြန်ပြောရာကစလို့ ထိုးကျိတ်မိတဲ့အထိ ဖြစ်သွားပါလေရော။ သတင်းတိုင်းနီးပါး သူ့ရဲ့ ကံဆိုးမှုက ဟိုးလေးတကျော်ကျော် ဖြစ်သွားပြီးနောက် သူ့ကို ဘယ်အသင်းကမှလည်း စာချုပ်မချုပ်တော့ဘူး။ သူ့ရဲ့ ကစားသမားဘဝက ဒီလိုပဲ အဆုံးသတ်ရတော့မလားဆိုပြီး စိတ်ပျက်နေချိန် ပွဲစဉ်တိုင်း ဆက်တိုက် ရှုံးနေတဲ့ အသင်းတစ်ခုက ကွင်းလယ်လူနေရာအတွက် လူရွေးပွဲကျင်းပတာကို သွားတွေ့လိုက်တယ်။ ရက်စ်ရဲ့ ဖခင်က နာမည်ကြီး မင်းသားမင်းသမီးတွေအတွက် ရုပ်ဖျက် မိတ်ကပ်အတတ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူ ဖြစ်တော့ ဖခင်ဖြစ်သူရဲ့ ပစ္စည်းတွေကို ခိုးပြီး လူရွေးပွဲကို သ
ဇာတ်ကားကြည့်ရန်Chad Powers
2025 · ဇာတ်လမ်းတွဲ
NCIS ပရိသတ်တွေ အမြဲတမ်း မျှော်လင့်တောင့်တခဲ့ရတဲ့ အိပ်မက်တစ်ခုကတော့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ Paramount+ ကနေ တကယ်ဖြစ်လာခဲ့ပါပြီ။ အဲဒါကတော့ Tony DiNozzo နဲ့ Ziva David တို့ရဲ့ သီးသန့်ဇာတ်လမ်းဖြစ်တဲ့ "NCIS: Tony & Ziva" ပါပဲ။ သင်ဟာ အရင် NCIS ဇာတ်လမ်းတွဲဟောင်းတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲက သင့်အတွက် အလွမ်းပြေစေမယ့် အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ဒီဇာတ်လမ်းက Tony နဲ့ Ziva တို့ ပါရီမြို့မှာ သူတို့ရဲ့သမီးလေး Tali နဲ့ အတူ အေးချမ်းတဲ့ဘဝလေးကို တည်ဆောက်ထားရာကနေ စတင်ထားပါတယ်။ Tony က "Salus" ဆိုတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုကို ဦးစီးနေပြီး၊ Ziva ကတော့ ဘာသာစကားသင်တန်းကျောင်း ဖွင့်ထားရင်း အတိတ်က စိတ်ဒဏ်ရာ (PTSD) တွေကို ကုသနေပါတယ်။ ဒါပေမယ့် အဲဒီအေးချမ်းမှုက သိပ်မကြာလိုက်ပါဘူး။ Tony ရဲ့ ကုမ္ပဏီကနေ အင်မတန် အန္တရာယ်ရှိတဲ့ ဟက်ကင်းစက်ပစ္စည်းတစ်ခု (Device 9.4) အခိုးခံရပြီး၊ ယူရိုသန်းချီတဲ့ ငွေတွေက Tony ရဲ့ ဘဏ်အကောင့်ထဲကို အကြောင်းပြချက်မရှိ ရောက်လာတဲ့အခါမှာတော့ ပြဿနာ စပါတော့တယ်။ အဲဒီအချိန်မှာ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ကပါ သူတို့ကို ဖမ်းဆီးဖို့ ကြိုးစားလာတဲ့အတွက်၊ ကိုယ့်ကိုယ်ကို အပြစ်ကင်းကြောင်း သက်သေပြဖို့နဲ့ မိသားစုကို ကာကွယ်ဖို့ ဥရောပတစ်ခွင် ထွက်ပြေးပုန်းရှောင်ရင်း တရားခံအစစ်ကို ရှာဖွေရတဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ မိုက်ကယ် ဝဲလ်သာလီ (Michael
ဇာတ်ကားကြည့်ရန်NCIS: Tony & Ziva
2025 · ဇာတ်လမ်းတွဲ
Homestead: The Series (2025) S1 +++++++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ၂၀၂၅ ခုနှစ်မှာ တော်တော်လေး လူပြောများခဲ့တဲ့ Homestead Series က Angel Studios ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၂၄ မှာထွက်တဲ့ ရုပ်ရှင်ရဲ့အဆက် အပိုင်းသစ်တွေကို ၂၀၂၅ ထဲမှာ တစ်ပိုင်းချင်းစီ ဆက်တင်ပေးနေတာပါ။ Post-Apocalyptic (ကမ္ဘာပျက်ကပ်ဘေးအလွန်) ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝအကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းက အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ နျူကလီးယားဗုံး ပေါက်ကွဲသွားပြီးတဲ့နောက် တစ်နိုင်ငံလုံး လျှပ်စစ်မီးတွေပြတ်၊ ဆက်သွယ်ရေးတွေပြတ်တောက်ပြီး ပရမ်းပတာဖြစ်သွားတဲ့ အခြေအနေကို အခြေခံထားတာပါ။ Ian Ross ဆိုတဲ့ သူဌေးကြီးတစ်ယောက်က အမြော်အမြင်ရှိတော့ ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ သူက ကျောက်တောင်တန်းတွေပေါ်မှာ "Homestead" လို့ခေါ်တဲ့ ကိုယ်ပိုင်အိမ်ရာဝင်းကြီးတစ်ခု တည်ဆောက်ထားပြီး အစားအစာ၊ လက်နက်နဲ့ လုံခြုံရေးတွေကို အပြည့်အစုံ စုဆောင်းထားပါတယ်။ ဒါပေမဲ့ ပြဿနာက Ian ကိုယ်တိုင် သေနတ်ဒဏ်ရာနဲ့ ကိုမာ (Coma) ဖြစ်သွားတဲ့အချိန်မှာ စတာပါပဲ။ သူ့ဇနီးဖြစ်သူ Jenna က ဒီအိမ်ရာဝင်းကြီးကို ဆက်ထိန်းသိမ်းဖို့ ကြိုးစားရပါတယ်။ အပြင်မှာ ငတ်မွတ်နေတဲ့ ဒုက္ခသည်တွေကို အထဲပေးဝင်မလား..... ဒါမှမဟုတ် ကိုယ့်လူတွေအတွက်ပဲ ကိုယ်ကြည့်မလားဆိုတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲ ချမှ
ဇာတ်ကားကြည့်ရန်Homestead: The Series
2025 · ဇာတ်လမ်းတွဲ
Never Ending Story (2025) အပိုင်း (၁ +၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ မင်းသား Kim Do Ha နဲ့ Su Bin တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ချစ်စဖွယ် ရိုရိုချိုချို ကိုရီးယား BL Drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဒိုယွန်း (Kim Do Ha) ဟာ ရောင်းအားအကောင်းဆုံး စာရင်းဝင်တဲ့ နာမည်ကြီး ဝတ္ထုရေးဆရာတစ်ယောက်ဖြစ်ပေမဲ့ နောက်ထပ်အပိုင်းသစ် ဆက်ရေးဖို့အတွက် စိတ်ကူးသစ်တွေ မထွက်ဘဲ လမ်းပျောက်နေပါတယ်။ ဝတ္ထုအပ်ရမဲ့ရက် နီးကပ်လာတာနဲ့အမျှ စိတ်ဖိစီးမှုများလာတဲ့ ဒိုယွန်းဟာ စိတ်ပြေလက်ပျောက်လည်း ဖြစ်လိုဖြစ်ငြား ၊ အိုင်ဒီယာအသစ်တွေလည်း ရလိုရငြားနဲ့ အိမ်အနီးအနားက Gym မှာ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းလိုက်ပါတော့တယ်။ အဲဒီ Gym မှာ ဆုံတွေ့လိုက်ရတာကတော့ သူ့ရဲ့ဝတ္ထုကို အမြဲ နှစ်သက်အားပေးနေတဲ့ အမာခံပရိသတ်တစ်ဖြစ်လဲ အားကစားနည်းပြ ဟျွန်းအူ (Su Bin) ပါပဲ .. သူတို့နှစ်ဦးဟာ အတူတူ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်ရာကနေ ခင်မင်ရင်းနှီးသွားကြပြီး သံယောဇဉ်တွေ စတင် ဖြစ်တည်လာတဲ့အခါမှာတော့... ဒိုယွန်းနဲ့ ဟျွန်းအူတို့ကြားက အချစ်ဇာတ်လမ်းလေးက ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မှာလဲ .. ဒိုယွန်းကရော သူ့ရဲ့ဝတ္ထုကို အောင်အောင်မြင်မြင်နဲ့ အပြီးသတ် ရေးနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးကြပါဦး .. Episodes: 02 Aired: Sep 3, 2025 - Oct 9, 2025 Aired On: Wednesday Genres: Romance, Drama
ဇာတ်ကားကြည့်ရန်Never Ending Story
2025 · ဇာတ်လမ်းတွဲ
Boysmate (2025) အပိုင်း 1 မှ 2 စ/ဆုံး BL ကားနှစ်သက်သူတွေအတွက် မင်းသား Shin Joon Hyung ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်…။ ငယ်ဘဝကတည်းက ရင်းနှီးလာခဲ့တဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆို… ငယ်ငယ်တုန်းကတည်းက အီရန်းကို သူ့သူငယ်ချင်းရဲ့ ညီလေး ဂျေဒင်က တစ်ဖက်သတ် Crush နေခဲ့တာပါ…။ အဲဒါကိုလည်း ဂျေဒင်က အီရန်းကို ဖွင့်ပြောခဲ့ပါတယ်။ နှစ်တွေကြာပြီးနောက်မှာတော့ အီရန်းက မြို့ကိုပြန်ပြောင်းလာတော့ နေဖို့ နေရာလိုနေခဲ့ပါတယ်။ ဒီလိုနဲ့ ဂျေဒင်နဲ့ အတူနေဖြစ်သွားခဲ့တာပေါ့…။ အရင်က ခံစားချက်တွေ ဖွင့်ဟပြောခဲ့ဖူးတာမျိုးရှိခဲ့တော့ နှစ်ယောက်သား အစမှာတော့ နေရခက်နေကြသေးတယ်။ ဒါပေမဲ့ အတူနေပြီး နောက်မှာရော သူတို့ခံစားချက်တွေ ဘယ်လိုဖြစ်လာမလဲ…။ အခန်းဖော်အဖြစ်နဲ့ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Episode - 2 Aired - Jul 19, 2025 - Aug 28, 2025 Quality - WEB-DL 1080p/ 720p Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်