ဇာတ်ကား / 2004Maid
ဒီဇာတ်ကားကတော့ အစပိုင်းမှာတင် အတော်လေးကို ခွီရလွန်းလို့ အမောပြေစေမယ့် ထိုင်းဟာသကားပဲဖြစ်ပါတယ် "အဂတိလိုက်စားတဲ့ အကွက်တွေကို ဖော်ထုတ့်ဖို အထူးစုံစမ်းရေးအဖွဲ့က စပ်စုစိန် "ဝဲလ်" နဲ့ "ဂျင်မ်" ဆိုတဲ့ အိမ်အကူမလေးနှစ်ယောက်ကို သူလျှိုလုပ်ဖို့ စည်းရုံးလိုက်ပါတယ်။ သူတိုရဲ့တာဝန်ကတော့ စားသောက်ကုန်သူဌေး "ဆိုပွန်" ရဲ့အိမ်မှာ အိမ်ဖော်အဖြစ် ဝင်လုပ်ရင်း သူဌေးနဲ့ ပေါင်းနေတဲ့ ဒုစရိုက်သမားတွေရဲ့ ဖုန်းထဲမှာ နားထောင်စက် လျှို့ဝှက်တပ်ရမှာပါ။ ဒါပေမဲ့ အိမ်ဖော်ခေါင်းဆောင်ရဲ့ ဖိနှိပ်မှုတွေ၊ တင်းကြပ်တဲ့ အိမ်စည်းကမ်းတွေကြားထဲ သူလျှိုလုပ်ရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ စပ်စုစိန် အိမ်အကူမလေးနှစ်ယောက် သူလျှိုစစ်ဆင်ရေးကို ဘယ်လိုတလွဲတွေနဲ့ ရယ်စရာကောင်းအောင် အဆုံးသတ်မလဲဆိုတာ ပျော်ပျော်ပါးပါး ကြည့်ရှုရမယ့် ဟာသကားလေး ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်