Harmony (2010) IMDb 7.5/10 ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် 2010 ခုနှစ်က ထွက်ရှိခဲ့ပြီး 18th Chunsa Film Art Awardsမှာ best new actress နဲ့ best new director awardတို့ကို ဆွတ်ခူးရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့ မင်းသမီးကြီး Na Moon-hee, Kim Yun jin, S lineထဲမှ Lee Da-hee, It's Okay to Not Be Okay ထဲမှ Jang Youngnam တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါဝင်ပါတယ်... ဇာတ်လမ်းအကျဥ်းကတော့ .. ဟုန်းဂျောင်ဟယ် ( Kim Yun jin )က အိမ်တွင်းအကြမ်းဖက်သူ ခင်ပွန်းသည်ကို မတော်တဆသတ်မိပြီး ကိုယ်ဝန်ဆောင်မိခင်ဘဝနဲ့ပဲ ထောင်ကျသွားခဲ့ပါတယ်... အကျဥ်းထောင်ဥပဒေအရ ထောင်ထဲမှာမွေးဖွားခဲ့တဲ့ကလေးဟာ အသက် ၁၈ လအထိပဲ မိခင်နဲ့အတူထောင်ထဲမှာ နေခွင့်ရှိပါတယ်.... ၁၈ လ ပြည့်ရင် သားဖြစ်သူ မင်အူနဲ့ခွဲရမဲ့ ဂျောင်ဟယ်ဟာ မခွဲရခင်မှာ မင်အူနဲ့အတူတူ အပြင်ဘက်ကို တစ်ရက်လောက် ထွက်လည်ခွင့်ရဖို့အတွက် ထောင်ထဲမှာ သံစုံကျူးအဖွဲ့ကို တည်ထောင်ဖို့ တာဝန်ယူလိုက်ရပါတယ်... စိတ်ဒဏ်ရာမျိုးစုံ နောက်ကြောင်းအထွေအထွေရှိကြတဲ့ အကျဥ်းသားတွေအချင်းချင်း ဘယ်လိုမျိုးကူညီဖေးမရင်း အခက်အခဲတွေကြားကနေ သံစုံကျူးအဖွဲ့ကို တည်ထောင်သွားကြမှာလဲ... ဒီရုပ်ရှင်လေးထဲမှာတော့ နှလုံးသားကို နွေးထွေးသွားစေမဲ့ သီချင်းလေးတွေနဲ့အတူ ရယ်မောတစ်လှည့် မျက်ရည်ဝဲရမ
ဇာတ်ကားကြည့်ရန်