The Serpent's Skin (2026) +++++++++++ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ The Serpent's Skin(မြွေအရေခွံ) ရုပ်ရှင်ကားက YA (Young Adult) Horror Fantasy အမျိုးအစားဖြစ်ပြီး ခေတ်ဟောင်း Horror ကားတွေရဲ့ အငွေ့အသက် (Retro Aesthetics) ပါတာကြောင့် တော်တော်လေး ဆွဲဆောင်မှုရှိပါတယ်။ ဇာတ်လမ်းက Anna ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။ သူက သူ့အပေါ် အမြင်မကြည်လင်ကြတဲ့ မြို့လေးကနေ ထွက်ခွာလာပြီး မြို့ပြမှာရှိတဲ့ သူ့အစ်မဆီမှာ လာနေပါတယ်။ ဒါပေမဲ့ Anna က သာမန်လူမဟုတ်ပါဘူး။ သူ့မှာ သူကိုယ်တိုင်တောင် သေချာနားမလည်သေးတဲ့ ထူးခြားဆန်းပြားတဲ့ "စိတ်တန်ခိုး" (Psychic Powers) တွေ ရှိနေပါတယ်။ မြို့ပြကို ရောက်တဲ့အခါမှာတော့ သူ့လိုပဲ တန်ခိုးစွမ်းအားရှိတဲ့ Gen ဆိုတဲ့ တက်တူးဆရာမလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ Gen က Anna ကို သူ့ရဲ့ စွမ်းအားတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ကြားပေးရင်းနဲ့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ စတင်လာပါတော့တယ်။ ဒါပေမဲ့ ပြဿနာက Gen ရဲ့ တက်တူးကနေစတာပါ။ Gen က Danny ဆိုတဲ့ ဂစ်တာသမားလေးရဲ့ လည်ပင်းမှာ "မြွေဟောက်" (Ouroboros) ပုံစံ တက်တူးထိုးပေးလိုက်တဲ့ အခါမှာတော့ မမျှော်လင့်ဘဲ မိစ္ဆာတစ်ကောင်ကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားပါတယ်။ Danny ဟာ မိစ္ဆာဝင်ပူးသလို ဖြစ်သွားပြီး သူတို့ရဲ့ သူငယ်ချင်းတွေကို တစ်ယောက်ပြီးတစ်ယောက် ရန်မူလာတဲ့အခါမှာတော့ Anna နဲ့ Gen တို့က သူတို့ရဲ့ စွမ်
ဇာတ်ကားကြည့်ရန်