Tunnel (2016) IMDb Rating (7.3)/ Rotten Tomatoes (100%) မင်းသားကြီး Ha Jung-Woo, မင်းသမီး Bae Doona, အရန်မင်းသားကြီး Oh Dal-soo နဲ့ မင်းသမီး Nam Ji-Hyun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ရုံဝင်သူ 7.1 သန်းကျော် စံချိန်တင်ခဲ့တဲ့အထိ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - မော်တော်ကား အရောင်းကိုယ်စားလှယ် အီဂျောင်ဆူ (Ha Jung-Woo) ဟာ စာချုပ်ကြီးတစ်ခုကို ချုပ်ဆိုနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ပဲ အိမ်အပြန်လမ်းဆီ ဦးတည်မောင်းနှင်လာနေစဉ် လမ်းခုလတ်မှာ ရုတ်တရက် ဥမင်လိုဏ်ခေါင်းက ပြိုကျသွားပြီး ဂျောင်ဆူလည်း ကွန်ကရစ် အပျက်အစီးတွေအောက်မှာ တစ်ယောက်တည်း ပိတ်မိသွားပါတော့တယ်။ အခုလက်ရှိ ဂျောင်ဆူရဲ့လက်ထဲမှာ ရှိတာကလည်း ဘက်ထရီ ၇၈ ရာခိုင်နှုန်းပဲ ကျန်တဲ့ ဖုန်း၊ ရေသန့်ဘူး ၂ ဘူးနဲ့ သမီးလေးအတွက် ဝယ်လာတဲ့ မွေးနေ့ကိတ်တစ်လုံးတည်းသာ... ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေက အရမ်း နှေးကွေးနေတာကြောင့် ဂျောင်ဆူကလည်း တောင့်ခံထားဖို့ ပိုပိုပြီး ခက်ခဲလာသလို အဲဒီအနီးအနားမှာရှိတဲ့ ဥမင်လိုဏ်ခေါင်းသစ် ဆောက်လုပ်ရေးကို ထိခိုက်စေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သင့်၊ မသင့်ဆိုတဲ့အပေါ် လူထုအမြင်တွေ ကွဲပြားလာကြတဲ့အခါမှာတော့... တကယ်ပဲ အဆုံးမှာ ကယ်ဆယ်ရေးအဖွဲ့က ဂျောင်ဆူကို အသက်ရှင်လျက်နဲ့ ပြန်လည် ကယ်ဆယ်ရမိပ
ဇာတ်ကားကြည့်ရန်