Scream 7 (2026) ဒီကားကတော့ Scream ပရိသတ်တွေ အရမ်းကို စောင့်မျှော်နေကြတဲ့ ကားပါပဲ။ အရင် Scream 5 နဲ့ 6 တုန်းက မပါဖြစ်ခဲ့တဲ့ မင်းသမီး Neve Campbell က Sidney ဇာတ်ကောင်အနေနဲ့ ဒီ Scream 7 မှာ ပြန်ပါလာပါပြီ။ Jenna Ortega တို့ ညီအစ်မ ဇာတ်လမ်းကို ဆက်မသွားတော့ဘဲ မူလဇာတ်အိမ်ဖြစ်တဲ့ Sidney ရဲ့ ဘဝကိုပဲ ပြန်ပြီး အာရုံစိုက်ထားပါတယ်။ ထူးခြားတာတစ်ခုက ဒါရိုက်တာက မူလ Scream ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ Kevin Williamson ကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတာပါပဲ။ ဇာတ်လမ်းအကျဉ်း Sidney တစ်ယောက် Pine Grove မြို့လေးမှာ ရဲအရာရှိ ခင်ပွန်း Mark နဲ့ အတူ အေးအေးချမ်းချမ်း နေထိုင်နေတာပေါ့။ သူတို့မှာ Tatum ဆိုတဲ့ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။ ဒီနာမည်က Sidney ရဲ့ ဆုံးပါးသွားတဲ့ သူငယ်ချင်းကို အမှတ်တရအနေနဲ့ ပေးထားတာပါ။ ဒါပေမဲ့ Sidney ရဲ့ အေးချမ်းတဲ့ ဘဝလေးက သိပ်မခံပါဘူး။ မျက်နှာဖုံးစွပ် လူသတ်သမား (Ghostface) အသစ်တစ်ယောက် ထပ်ပေါ်လာပြီး ဒီတစ်ခါတော့ Sidney ရဲ့သမီးလေး Tatum ကိုပါ ပစ်မှတ်ထားလာတော့တာပါပဲ။ ဒီလူသတ်သမားက တကယ်ရော ဘယ်သူဖြစ်မလဲ။ သေပြီလို့ ထင်ခဲ့ရတဲ့ Stu Macher များ ပြန်အသက်ရှင်နေတာလား ဆိုတာ စိတ်ဝင်စားစရာပါ။ Sidney တစ်ယောက် သူ့မိသားစုကို ကာကွယ်ဖို့အတွက် အတိတ်က အဖြစ်အပျက်ဆိုးတွေကို ပြန်ရင်ဆိုင်ရမယ့် အပိုင်းတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ။ Neve Campbell, သတင်းထောက် Gale အဖြစ် Courteney Cox, ခင်ပွန်း Mark အဖြစ် Joe
ဇာတ်ကားကြည့်ရန်