Black Blood (2025) IMDb Rating (7.7) "Getih Ireng" (Black Blood / သွေးမည်း) ဆိုတာ ၂၀၂၅ အောက်တိုဘာလက အင်ဒိုနီးရှားမှာ ရုံတင်ခဲ့တဲ့ သဘာဝလွန် သရဲကားကောင်းတစ်ကားပါ။ ဒီကားလေးက X (Twitter) မှာ အရမ်းနာမည်ကြီးခဲ့တဲ့ JeroPoint ရဲ့ ဖြစ်ရပ်မှန် Thread ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရတာ ပိုပြီး ရင်ဖိုစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ပရမ် (Pram) နဲ့ ရီနာ (Rina) ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်က ကလေးအရမ်းလိုချင်နေကြသူတွေပေါ့။ သူတို့က ဘဝသစ်တစ်ခုစဖို့ ဝိုနိုဆိုဘို (Wonosobo) ဆိုတဲ့ တောင်ပေါ်မြို့လေးကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမဲ့ အိမ်သစ်ရောက်ကတည်းက ရီနာတစ်ယောက် ထူးဆန်းတာတွေ စကြုံရတော့တာပဲ။ အိမ်ကို သေချာရှင်းလင်းထားပေမဲ့ ကြမ်းပြင်ပေါ်မှာ မြေကြီးတွေ ပြန့်ကျဲနေတာမျိုး၊ တောင်ပေါ်ဒေသဖြစ်ပေမဲ့ ညဘက်တွေဆို အိုက်စပ်ပြီး ပူလောင်နေတာမျိုးတွေ ကြုံရတယ်။ အဆိုးဆုံးကတော့ အိမ်သစ်တက်ပွဲလုပ်တဲ့နေ့မှာ ရီနာက ကြောက်စရာကောင်းတဲ့ အဘိုးအိုတစ်ယောက်ကို စမြင်ရတာပါပဲ။ အဘိုးကြီးက ရီနာ့ရဲ့ အိပ်မက်တွေထဲအထိပါ လိုက်နှောင့်ယှက်ပြီး ခြောက်လှန့်တယ်။ မကြာခင်မှာပဲ ရီနာ ကိုယ်ဝန်ရသွားလို့ လင်မယားနှစ်ယောက် အရမ်းပျော်သွားကြပေမဲ့ ပျော်ရွှင်မှုက သိပ်မခံပါဘူး။ အဘိုးကြီးအကြောင်း အိပ်မက်ဆိုးမက်ပြီးတဲ့နောက်မှာ ရီနာ ကိုယ်ဝန်ပျက်ကျသွားတယ်။ ရီနာကတော့ ဒါဟာ သာမန်မဟုတ်ဘဲ နာမ်လောကရဲ့ ပယောဂတစ်ခုခုကြောင့်လို့ ယုံကြည်နေပေမဲ့ ခင်ပွန်းဖြစ်သူ ပ
ဇာတ်ကားကြည့်ရန်