
လူကြည့်များသော ရုပ်ရှင်များ
ကြည့်ရှုမှုအများဆုံး ရုပ်ရှင်များကို အစဉ်လိုက် စုထားပါသည်။
26927 ကား
Marvel ဇာတ်ကားတွေ 4K နဲ့ပြန်ကြည့်ချင်သူတွေအတွက်တင်ပေးရခြင်းဖြစ်ပါတယ်။ 4K ကို SDR Version ဖြစ်လို့ မည့်သည့် Tv မဆို ကြည့်လို့အဆင်ပြေပါလိမ့်မယ်
ဇာတ်ကားကြည့်ရန်Spider-Man: Homecoming
2017
ဒီတစ်ခေါက်မှာတော့အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အက်ရှင်ရိုမန့်ကားလေး"Skanda"ကိုတင်ဆက်ပေးလိုက်ပါတယ်... သူငယ်ချင်းတွေဖြစ်ကြတဲ့အပြင် အရာရာတိုင်းမှာပါတနာတွေဖြစ်ကြတဲ့ ဝန်ကြီးချုပ်နှစ်ယောက်ဟာ သားရေးသမီးရေးကိစ္စတွေကို အစပြုလို့ရန်သူတွေဖြစ်သွားကြပါတယ်...သူတို့၂ယောက်ရဲ့အချင်းချင်းမပြေလည်မှုကို အခွင့်ကောင်းယူပြီးတော့ ကောင်လေးတစ်ယောက်ဟာသူတို့၂ယောက်လုံးရဲ့ သမီးတွေကိုသူတို့ရှေ့မှာတင်ပြန်ပေးဆွဲသွားခဲ့ပေမဲ့ သူတို့ဘာမှမလုပ်နိုင်ခဲ့ကြပါဘူး... ပိုဆိုးတာကတော့အဲ့ပြန်ပေးဆွဲသွားတဲ့ကောင်လေးရဲ့ နောက်ကွယ်မှာရွာတစ်ရွာလုံး ရှိနေတာပါပဲ...သူတို့တွေရဲ့နောက်ကွယ်ကဇာတ်လမ်းကဘယ်လိုတွေဖြစ်မလဲ ဝန်ကြီး၂ယောက်ရဲ့အတိတ်ကလုပ်ရက်တွေကြောင့် ဒီဇာတ်လမ်းဟာစတင်လာခဲ့တာလား စသဖြင့်အက်ရှင်ကွက်ခပ်မိုက်မိုက်တွေအပြင် Plot twistအကြီးစားနဲ့အတူ အိန္ဒိယနိုင်ငံရေးကိုသရော်လှောင်ပြောင်ထားတဲ့အခန်းတွေကိုပါ ကြည့်ရှူ့ရမှာဖြစ်ပါတယ်... ဒီကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Khin Khin ဖြစ်ပါတယ်....
ဇာတ်ကားကြည့်ရန်Skanda: The Attacker
2023
ဒီဇာတ်ကားလေးကတော့ Action, Adventure, Drama အမျိုးအစားဖြစ်ပြီး AI နည်းပညာသုံးစက်ရုပ်တွေနဲ့လူသားတွေရဲ့စစ်ပွဲကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ နည်းပညာတွေထွန်းကားလာတော့ လူသားတွေဟာ AI နည်းပညာကိုအသုံးချပြီး လက်တွေ့ဘဝရဲ့အခန်းကဏ္ဍတိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသလို စစ်ဘက်ရေးရာမှာလည်းအသုံးပြုလာခဲ့ပါတယ်။ တစ်နေ့မှာတော့ AI နည်းပညာသုံးစက်ရုပ်တွေကြောင့် လော့စ်အိန်ဂျလိစ်မြို့ဟာ နျူကလီးယားဗုံးကျဲခံလိုက်ရပြီး လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်အပြီးမှာ အမေရိကန်ဦးဆောင်တဲ့ အနောက်တိုင်းနိုင်ငံတွေက AI နည်းပညာကို လုံးဝပိတ်ပင်ခဲ့ပြီး အာရှပြည်ထောင်စုသစ်လို့ခေါ်တဲ့အာရှတိုက်တစ်ခွင်မှာတော့ AI နည်းပညာသုံးစက်ရုပ်တွေနဲ့ အတူယှဉ်တွဲပြီးနေထိုင်နေကြပါတယ်။ အမေရိကန်တွေဟာ ၃ ထရီလီယံချီအကုန်အကျခံပြီးနိုးမက်ဒ်ဆိုတဲ့ လေပေါ်စစ်စခန်းကြီးကို တည်ဆောက်ကာ စက်ရုပ်တွေရဲ့စခန်းတွေကိုဒုံးကျည်နဲ့လိုက်လံဖျက်ဆီးနေပြီး တစ်ဖက်မှာလည်း နာမာတာဆိုတဲ့လူက နိုးမက်ဒ်ကို ဖျက်ဆီးပစ်ဖို့ လက်နက်တစ်ခုဖန်တီးလိုက်ပါတယ်။ ဒီတော့ အမေရိကန်တွေဟာ အဲဒီလက်နက်ကိုအသည်းအသန် လိုက်ရှာပြီး ဖျက်ဆီးဖို့ကြိုးစားပါတော့တယ်။ ဂျိုးရှုအာဟာ စက်ရုပ်တွေနေတဲ့ရွာတစ်ခုမှာ အသွင်ယူပြီး လက်နက်ရဲ့တည်နေရာကို စုံစမ်းဖို့ကြိုးစားရင်း နာမာတာရဲ့သမီးဖြစ်သူ မာရာနဲ့ ချစ်ကြိုက်သွားပြီး မိသားစုဘဝလေးကိုတည်ထောက်ဖို့မျှော်လင့်ထားပေမယ့် တစ်ညမှာတော့ နိုးမက်ဒ်
ဇာတ်ကားကြည့်ရန်The Creator
2023
God of Gamblers ရဲ့ဒီအပိုင်းမှာတော့ လောင်းကစားနတ်ဘုရားကောင်းချွင်းရဲ့ ဘဝအစနဲ့ လောင်းကစားနတ်ဘုရားရယ်လို့ နာမည်တွင်လာခဲ့ရတဲ့ နောက်ကြောင်းဇာတ်လမ်းတွေကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အရင် God of Gamblers အပိုင်းတွေကို ကြည့်ဖူးထားသူတွေအနေနဲ့ ကောင်းချွင်းရဲ့ လောင်းကစားလုပ်တဲ့အရည်အချင်းတွေကို ဘယ်လိုရလာတယ်ဆိုတာ သိချင်မိကြမှာပါ။ အဲလိုဆိုရင်တော့ ဒီအပိုင်းကိုကြည့်လိုက်ရင် ဇာတ်ရည်လည်သွားမှာပါ။ မကြည့်ရသေးတဲ့သူတွေအတွက်လည်း ဒီအပိုင်းကနေ စကြည့်ရင် နောက်ထပ်ကြည့်ချင်စိတ်တွေဖြစ်လာမှာတော့ အသေအချာပါပဲ။ ကောင်းချွင်းရဲ့ဘဝဇာတ်ကြောင်းကတော့ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတာမို့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ပဲ အကြံပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်God of Gamblers 3: The Early Stage
1996
ဇာတ်လမ်းအကျဉ်းလေးကတော့ စုံထောက်လော်ရာဟာ ကိုယ်ဝန်ဖျက်ချထားရတာကြောင့် ခွင့်တင်ထားပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူ့အထက်လူကြီးက မန်မိုရီကတ်လေးတစ်ခုကို ဖောက်ထွင်းပေးနိုင်မလားလို့ တောင်းဆိုလာရာကနေ သူမဟာ အမှုတစ်ခုထဲကို ဝင်ရောက်ပက်သက်မိသွားပါတော့တယ်။ အဲ့လိုမျိုး ကောင်မလေးတွေကို ဖမ်းစီးနှိပ်စက်ပြီး သတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမားဟာ ဘယ်သူလဲ သူက ဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲဆိုတာကို ရှာဖွေရင် လော်ရာရဲ့ သူ့သားလေးကို သူကိုယ်တိုင်စွန့်လွှတ်လိုက်မိတဲ့နောင်တကနေရော လွတ်မြောက်နိုင်မလားဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ရှုခံစားပေးကြပါအုံး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ innocentsheep ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Englemageren
2023
ဒရာမာ အချစ် အက်ရှင် စုံထောက် သည်းထိပ်ရင်ဖိုဇာတ်ကားတွေမှာအင်္ဂလိပ်ကားတွေထက်မကျော်ရင်တောင်မှရင်ဘောင်တန်းနိုင်လောက်တဲ့ကိုးရီးယားဇာတ်ကားတွေတော်တော်များများရှိပါတယ်။အခုတင်ဆက်ပေးမဲ့ Devils ဆိုတဲ့စုံထောက်ဇာတ်ကားကလဲတော်တော်ကြည့်လို့ကောင်းပြီးပရိသတ်အာရုံကိုဆွဲဆောင်နိုင်မဲ့ကားပဲဖြစ်ပါတယ်။IMDb မှာ Rating 6.3 ရရှိထားပြီးကြည့်ရတဲ့အချိန်ကိုတန်စေမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့လူတွေကိုလိုက်ဖမ်းပြီးသတ်ဖြတ်ကာ Dark Web မှာတင်နေတဲ့အဖွဲ့တစ်ခုရှိပါတယ်။အဲ့ဒီအဖွဲ့ကအရမ်းကိုဆိုးရွားပြီးတော့လှုပ်ရှားပုံတွေကလဲအရမ်းပီပြင်သပ်ရပ်တဲ့အတွက်ရဲတပ်ဖွဲ့တွေသဲလွန်စတစ်ခုမှမရှာနိုင်ပဲဖမ်းဆီးဖို့အတွက်ခက်ခဲနေပါတော့တယ်။တစ်နေ့မှာတော့အဲ့ဒီအဖွဲ့ရှိနေနိုင်မဲ့နေရာကိုသတင်းပေးခဲ့တဲ့အတွက်သွားရောက်ဖမ်းဆီးခဲ့ရာမှာစုံထောက်ဂျယ်ဟွမ်းပျောက်သွားခဲ့ပါတော့တယ်။ပျောက်ဆုံးသွားတဲ့စုံထောက်ဂျယ်ဟွမ်းကိုရှာဖွေဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့တစ်လအကြာမှာတော့အဲ့ဒီလူသတ်မှုတွေဆက်ဖြစ်နေခဲ့တဲ့အတွက်လက်လျှော့လိုက်ရပါတော့တယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲစုံထောက်ဂျယ်ဟွမ်းနဲ့တရားခံဖြစ်သူတွေထဲကတစ်ယောက်ကရဲစခန်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပါတော့တယ်။ဒါပေမယ့်နှစ်ယောက်လုံးကအရင်လိုတွေမဟုတ်ပဲနဲ့ထူးဆန်းနေတဲ့အခါမှာတော့သူတို့ပျောက်ဆုံးခဲ့တဲ့တစ်လအတွင်းဘာတွေဖြစ်ခဲ့ကြလဲ ဘာတွေကထူးဆန်းနေတာလဲ ဆိုးဝါးတဲ့လူသတ်မှုတွေကိုကျူးလွန်နေတဲ့အဖွဲ့တစ်ခုလုံးကိုရောဖမ်းမိသွာ
ဇာတ်ကားကြည့်ရန်Devils
2023
ကယ်ရီဝှိုက်ဆိုတဲ့ကောင်မလေးဟာ ကျောင်းရေချိုးခန်းမှာ စူးဝါးဝါးနဲ့ကြောက်လန့်တကြား အော်ဟစ်နေခဲ့တယ်။ ပါးစပ်ကလည်း သူသေတော့မယ်ဆိုပြီး အော်နေတာပေါ့။ ကျယ်လောင်တဲ့အသံကြောင့် တခြားကျောင်းသူတွေလည်းရောက်လာကြပြီး ကယ်ရီဝှိုက်ကို အံ့ဩတကြီးကြည့်နေကြတယ်။ အကြောင်းရင်းကတော့ ကယ်ရီဝှိုက်က ပထမဦးဆုံးရာသီလာတာကို ကြောက်ပြီးအော်နေတာပါ။ အဲဒီလိုကိစ္စကိုမသိရလောက်အောင် တုံးအတဲ့ ကယ်ရီဝှိုက်ကို ကျောင်းသူတွေက လှောင်ရယ်ပြီး အရှက်ခွဲကြတော့တာပေါ့။ လူတွေနဲ့ရင်းရင်းနှီးနှီးမနေဘဲ လူကြောက်တတ်တဲ့ ကယ်ရီဝှိုက်မှာ အစွမ်းတချို့လည်းရှိနေသေးတယ်။ ကယ်ရီဝှိုက်မှာ ဘယ်လိုစိတ်ဝင်စားစရာ နောက်ခံ အကြောင်းအရာတွေရှိနေလည်းဆိုတာ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာနြပ်သူကတော့ marip pan ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Carrie
2013
တရုတ်ပြည်က စတင်ပျံ့နှံ့လာခဲ့တဲ့ကိုဗစ် ရောဂါပိုးကြီးက တစ်ခဏလေးအတွင်းမှာတင် တစ်ကမ္ဘာလုံးကိုပျံ့နှံ့လာပြီး ဒီလိုပျံ့နှံ့နှုန်းမြန်တဲ့ဗိုင်းရပ်စ်ပိုးဟာ လူဦးရေထူထပ်တဲ့အိန္ဒိယနိုင်ငံအတွက်စိန်ခေါ်မှုတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်အိန္ဒိယနိုင်ငံကသိပ္ပံပညာရှင်တွေက ဒီဗိုင်းရပ်စ်ပိုးအများကြီးပိုမပျံ့နှံ့ခင် ကိုယ်ပိုင်ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။ ကာကွယ်ဆေးထုတ်လုပ်ဖို့ကြိုးပမ်းနေရင်း ခေါင်းကိုက်စရာအခြေအနေတွေနဲ့ကြုံခဲ့ရပုံ,သတင်းမီဒီယာကတိုက်ခိုက်မှုတွေနဲ့လဲရင်ဆိုင်ခဲ့ရပြီး အဲ့ဒီအခြေအနေကြားက ကာကွယ်ဆေးထုတ်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တဲ့ အိန္ဒိယအမျိုးသမီးသိပ္ပံပညာရှင်တွေရဲ့ကြိုးစားအားထုတ်ကြပုံတွေကိုလေးစားဖွယ် မြင်တွေ့ရမယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Aye Chan Myo ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Vaccine War
2023
Marvel ဇာတ်ကားတွေ 4K နဲ့ပြန်ကြည့်ချင်သူတွေအတွက်တင်ပေးရခြင်းဖြစ်ပါတယ်။ 4K ကို SDR Version ဖြစ်လို့ မည့်သည့် Tv မဆို ကြည့်လို့အဆင်ပြေပါလိမ့်မယ်
ဇာတ်ကားကြည့်ရန်Ant-Man
2015
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ 2023 မှာ ထွက်ရှိလာတဲ့ T.I.M ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ AI နည်းပညာတွေ ခေတ်စားလာတဲ့ ခေတ်မှာ လူတွေက စက်ရုပ်တွေကိုလဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ဒီကားလေးထဲမှာဆိုရင် အာဘီဂရိန်ဂျာက စက်ရုပ်ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ စက်ရုပ်လက်တွေ ထုတ်လုပ်တဲ့ သူတစ်ယောက်ပါ။ သူ့အိမ်မှာ အသုံးပြုဖို့အတွက် တင်မ် ဆိုတဲ့ သူတို့ စက်ရုပ်တစ်ခုကို ကုမ္ပဏီက ပို့ပေးထားခဲ့ပါတယ်။ ဒီစက်ရုပ်ဟာ အားနည်းချက်တွေ သေချာမသိသေးဘဲ အသုံးပြုနေတာကြောင့် နောက်ပိုင်းမှာ တင်မ်ဟာ အာဘီတို့ လင်မယားအတွက် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်T.I.M.
2023
သရဲကားကြည့်ချင်တဲ့လူတွေအတွက် Woman In The Maze ဆိုတဲ့ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။IMDb မှာ Rating 4.5 နဲ့နည်းတယ်လို့ပြောရမယ်ဆိုပေမဲ့သူ့ဘာသာသူတော့ကြည့်လို့ကောင်းပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်ညွှန်းကလဲတခြားသရဲကားတွေနဲ့မတူပဲကွဲထွက်နေပြီးတော့ရိုးအီနေတဲ့သရဲကားတွေကြားမှာတစ်မူထူးခြားတဲ့ Vibe ကိုပေးစွမ်းနိုင်မှာပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဂတ်ဘီဆိုတဲ့အမျိုးသမီးတစ်ယောက်ကအလုပ်ကိစ္စနဲ့ဂျရုန်းဆိုတဲ့မြို့တစ်ခုဆီကိုရောက်လာခဲ့ပါတယ်။သူ့အလုပ်ကတော့လက်ထောက်ပရောဂျက်မန်နေဂျာဖြစ်ပြီး စျေးကောင်းရနိုင်မဲ့ အလားအလာကောင်းတဲ့မြေကွက်တွေကိုလိုက်ကြည့်ပြီးမန်နေဂျာဆီတင်ပြရတာပဲဖြစ်ပါတယ်။အခုလဲဂျရုန်းမှာမြေကွက်တွေကြည့်ဖို့လာခဲ့တာဖြစ်ပြီး အဲ့ဒီဂျရုန်းဆိုတဲ့မြို့ကိုသရဲမြို့လို့တင်စားကြပါတယ်။တချို့ကလဲလူဦးရေနည်းပါးလို့အဲ့လိုခေါ်တာလို့ပြောကြပြီး တချို့ကလဲသရဲတကယ်ခြောက်တဲ့မြို့ကြီးလို့ပြောကြပါတယ်။နေရာတိုင်းမှာလဲလက်ညှိုးထိုးမလွဲသရဲဇာတ်လမ်းတွေ ဇာတ်ကြောင်းတွေရှိနေပြီး သရဲကိုမယုံကြည်တဲ့ဂတ်ဘီအတွက်တောင်ခြောက်ခြားစရာဖြစ်တဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ဒါပေမယ့်ဂတ်ဘီတစ်ယောက်အိမ်အကောင်းစားအကြီးကြီးတစ်ခုမှာနေရတဲ့အတွက်တော့ဒါတွေအတွက်စိတ်ညစ်မနေပါဘူး။ဒီအလုပ်ပြီးသွားရင်လဲရာထူးတိုးမှာဖြစ်တဲ့အတွက်အဲ့ဒါတွေကိုပဲတွေးပျော်နေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအိမ်ကြီးထဲမှာသူနေတဲ့တစ်လျှောက်လုံးအိပ်မက်တွေထဲမှာလာလာခြောက်လှန့်နေတဲ့သူတစ်ယောက်ရှိနေပါတယ်။
ဇာတ်ကားကြည့်ရန်Woman in the Maze
2023
ဒီတစ်ခေါက်မှာတော့"အမျိုးသမီးတွေဟာအိမ်ထောင်ကျပြီးလို့အိမ်ထဲမှာနေတာနဲ့ အိမ်ရှင်မတွေအဖြစ် အနားယူလို့ရသွားတာလား... အမေတစ်ယောက်ဟာအမြဲတမ်းပြီးပြည့်စုံနေရမှာဖြစ်ပြီး အမှားလုပ်ခွင့်မရှိဘူးလား"စသဖြင့်ယနေ့ခေတ်Societyမှာအမေးများလေ့ရှိတဲ့ မေးခွန်းတွေပြဿနာတွေကိုပုံဖောရိုက်ကူးထားတဲ့ "Sukhee"ဆိုတဲ့ဒရာမာကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဆူခီဆိုတဲ့အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဟာ ကျောင်းတုန်းကပျော်ပျော်နေတတ်သူကောင်မလေး၁ယောက်ဖြစ်ခဲ့ပေမဲ့ အိမ်ထောင်ကျပြီးနောက်မှာတော့....နေ့တိုင်းအိမ်ထောင်ဝတ္တရားတွေကိုထမ်းဆောင်နေရင်းနဲ့ သူ့ကိုယ်သူအတွက်တောင်အချိန်ပေးလို့ မအားနိုင်ဖြစ်ခဲ့ရပါတယ် ဒီလိုနဲ့နှစ်၂၀ကြာပြီးနောက်မှာသူ့ကျောင်းရဲ့ကျောင်းသားဟောင်း တွေ့ဆုံပွဲကိုဆူခီ၁ယောက်သွားချင်ပေမဲ့ သူ့ခင်ပွန်းကခွင့်မပြုတာမို့....ဆူခီခိုးသွားရင်းနဲ့ပြန်လာခါနီးမှ ခင်ပွန်းဖြစ်သူရဲ့ရင့်သည်းတဲ့စကားတွေနဲ့ သမီးဖြစ်သူရဲ့ရင့်နင့်ဖွယ်စကားလုံးတွေကြောင့် ဆူခီ့ရဲ့အတွေးတွေစတင်ပြောင်းလဲလာပါတော့တယ် တစ်ဖက်မှာလည်းလူတစ်ယောက်မရှိတော့မှသူ့တန်ဖိုးကို နားလည်လာတယ်ဆိုတဲ့အတိုင်း....ဆူခီခင်ပွန်းနဲ့သမီးဖြစ်သူတို့ဟာ ဆူခီမရှိမှမနက်စာအတွက်ဒုက္ခရောက်ရ အလုပ်တွေကျောင်းစာတွေအတွက် ဒုက္ခရောက်ရနဲ့ပြဿနာတက်နေပါတော့တယ်.... ကိုယ့်အတွက်ကိုယ်လည်းအချိန်ပေးချင်တဲ့ဆူခီနဲ့ ကိုယ့်အတ္တကိုပဲကြည့်ကြတဲ့သားအဖေ၂ယောက်ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမှာလဲ ဆူခီဖြစ်စေချင်တဲ့အတိုင်း အရာရာကဖြ
ဇာတ်ကားကြည့်ရန်Sukhee
2023
God of Gamblers II မှာ ရန်စတွေရှိခဲ့တဲ့ အထူးစွမ်းအားပိုင်ရှင် ရှင်းနဲ့ ထိုက်ခွင်းတို့ဟာ part IIIမှာတော့ သူတို့နှစ်ယောက်ရဲ့ အလွဲတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ရှင်းနဲ့ထိုက်ခွင်းတို့ရဲ့စွမ်းအားပြိုင်ဆိုင်မှုတွေက အထွတ်အထိပ်ကိုရောက်ရှိသွားပြီး အချိန်နောက်ပြန်ရောက်သွားတဲ့အခါ အချိန်နဲ့နေရာအပြောင်းအလဲကြားက ဖြစ်လာတဲ့ပြဿနာတွေနဲ့ အန္တရာယ်တွေကြားကနေ ရှင်း ဘယ်လိုရုန်းထွက်သွားမလဲ ။ သူရောက်သွားတဲ့ ၁၉၃၇ခုနှစ် ရှန်ဟိုင်းမှာတော့ ဂိုဏ်းနှစ်ခုအကြား ရန်ပွဲတွေဖြစ်နေပြီး ရှင်းက သူ့ရဲ့စွမ်းအားကြောင့်နဲ့ ဘယ်ဂိုဏ်းထဲကို ဝင်သွားမလဲ ။ ဂိုဏ်း၂ခုရဲ့ပဋိပက္ခတွေမှာ ရှင်းက ဘယ်လိုပါဝင်ပတ်သက်နေမလဲ။ အဲခေတ်ကနေ သူ့ရဲ့ခေတ်ဆီကို ရောက်အောင်ပြန်သွားနိုင်ပါတော့မလားဆိုတာကို ဒီအပိုင်းထဲမှာ စိတ်ဝင်စားဖို့ကောင်းစွာ ရိုက်ကူးပြထားပါတယ်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်God of Gamblers Part III: Back to Shanghai
1991
လူဖြူလူမည်းခွဲခြားမှုဆိုတာကအမေရိကန်မှာအကြီးမားဆုံးပြဿနာကြီးတစ်ခုဖြစ်ပါတယ်။ခေတ်မှီတိုးတက်တဲ့နိုင်ငံကြီးမှာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအခုထက်ထိတိုင်အဲ့ဒီလူမျိုးရေးခွဲခြားတဲ့ပြဿနာကရှိနေတုန်းပါ။အဓိကကတော့လူဖြူတွေကလူမည်းတွေကိုတွေ့တာနဲ့ရှုံ့ချတယ် နှိပ်ကွက်တယ် မတရားဆက်ဆံကြလို့ပါပဲ။အဲ့ဒီလူခွဲခြားမှုတွေကိုရပ်တန့်သွားအောင်လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေ ဆန္ဒပြမှုတွေလဲအများကြီးရှိခဲ့ကြပါတယ်။အဲ့ဒီလိုလှုပ်ရှားမှုတွေထဲမှာအခုကားထဲမှာတင်ဆက်ပေးမဲ့ဘားရာ့ဒ်ရက်စတင်ဆိုတဲ့လူတစ်ယောက်ဦးဆောင်ခဲ့တဲ့လူပေါင်းသိန်းနဲ့ချီပြီးငြိမ်းချမ်းစွာချီတက်ဆန္ဒပြမှုကလဲအကြီးမားဆုံးလှုပ်ရှားမှုတွေထဲမှာအပါအဝင်ဖြစ်ပါတယ်။ဒီကားထဲမှာတော့အဲ့ဒီသမိုင်းကြောင်းကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင်ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီလိုသမိုင်းဝင်ချီတက်ဆန္ဒပြမှုကြီးလုပ်ဖို့အတွက်ဘားရာ့ဒ်ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရတယ် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာတွေအပြင်ဒီလှုပ်ရှားမှုကလူမျိုးရေးခွဲခြားမှုအပေါ်မှာရောဘယ်လိုတွေအကျိုးသက်ရောက်ခဲ့မလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Rustin
2023
ဒီဇာတ်ကားလေးကတော့ မင်းသမီး Kim Hee-sun, မင်းသား Yoo Hae-jin နဲ့ မင်းသား Cha In-pyo တို့လို နာမည်ကြီးသရုပ်ဆောင်ပါဝင်ထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချာချီဟိုဟာ အဆာပြေမုန့်ထုတ်လုပ်ရေးကုမ္ပဏီမှာ သုတေသနပညာရှင်အဖြစ်လုပ်ကိုင်နေပြီး အသက် ၄၉ ရှိပြီဖြစ်တဲ့ လူပျိုသိုးကြီး တစ်ယောက်ပေါ့။ ချာချီဟိုရဲ့နေ့စဉ်ဘဝဟာ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ပဲရှိပြီး သူ့မှာ အရမ်းချစ်ရတဲ့ လူမိုက်အစ်ကိုတစ်ယောက်ရှိပါတယ်။ သူ့အစ်ကိုကတော့ လောင်းကစားလုပ်လိုက် ချာချီဟိုဆီက လက်ဖြန့်တောင်းလိုက် ချေးငွေတွေယူလိုက် ချာချီဟိုက ပြန်ဆပ်လိုက်နဲ့ပေါ့။ တစ်နေ့မှာတော့ ချေးငွေကုမ္ပဏီတစ်ခုဆီက ဖုန်းဆက်လာတဲ့အတွက်ချေးငွေပြန်ဆပ်ဖို့သွားရင်း မမျှော်လင့်ပဲ အီလ်ယောင်းနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အီလ်ယောင်းကတော့ Single Mother တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူက တက္ကသိုလ်ကျောင်းသူလေးပါ။ မျှော်လင့်မထားတဲ့တွေ့ဆုံမှုကနေ အသက် ၄၉ နှစ်အရွယ် လူပျိုသိုးကြီးရဲ့အေးခဲနေတဲ့နှလုံးသားဟာ အသက်ဝင်လာခဲ့ပြီး အီလ်ယောင်းနဲ့အတူ သာယာပျော်ရွှင်တဲ့ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Honey Sweet
2023
ခရစ္စမတ်ရောက်ဖို့ကလဲသိပ်မလိုတော့ဘူးဆိုတော့ဆောင်းရာသီရဲ့ခပ်အေးအေးအငွေ့အသက်လေးတွေခံစားလာရတော့မှာအသေအချာပါပဲ။ဒီလိုဆောင်းတွင်းလေးမှာချစ်သူလေးနဲ့အတူတူကြည့်ဖို့အတွက်(တစ်ယောက်တည်းလည်းကြည့်လို့ရပါတယ်) ၂၀၂၃ ရဲ့ခရစ္စမတ်ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အဓိကကတော့ကလေးတွေကြိုက်မဲ့ကားဆိုပေမဲ့လူကြီးတွေလဲကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Elf Me ဖြစ်ပြီး IMDb Rating 5.8 ရရှိထားပါတယ်။တော်တော်များများကြားဖူးကြမဲ့ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ မှင်စာတို့ကိုအပြင်မှာတကယ်ရှိတယ်လို့ထင်ပါသလား။ဒီကားထဲမှာကတော့အဲ့လိုအရာတွေအကုန်လုံးကအမှန်တကယ်ရှိပါတယ်။ဆန်တာကလော့စ်ရဲ့မြောက်ဝင်ရိုးစွန်းမှာထုံးစံအတိုင်းခရစ္စမတ်နီးနေပြီဆိုတော့လိမ္မာတဲ့ကလေးတွေကိုလက်ဆောင်ပို့ပေးဖို့အတွက်အလုပ်တွေရှုပ်နေပါတော့တယ်။ဒီဆန်တာကလော့စ်တိုင်းပြည်မှာထူးဆန်းတာကတော့ကလေးတွေကိုလက်ဆောင်ပေးမဲ့အရုပ်တွေကိုတီထွင်ပေးတဲ့တီထွင်သူနတ်သူငယ်တွေရှိနေတာပါပဲ။ထရစ်ပ်ဆိုတဲ့နတ်သူငယ်တစ်ယောက်ကအဲ့လိုတီထွင်ရတာအရမ်းကြိုက်ပေမဲ့သူထွင်လိုက်တဲ့အရုပ်တိုင်းက ကလေးတွေအတွက်အန္တရာယ်ရှိနေတော့ဆန်တာငြင်းတာကိုအမြဲတမ်းခံနေရပါတယ်။ဒီလိုနဲ့ထရစ်ပ်ကသူ့ကိုယ်သူသက်သေပြဖို့ကြိုးစားရင်းနဲ့ကလေးတစ်ယောက်အိမ်ကိုမှားရောက်သွားပါတော့တယ်။အဲ့ဒီကလေးအိမ်ကိုသူကလက်ဆောင်တစ်ခုအနေနဲ့ရောက်သွားတာဖြစ်တဲ့အတွက်အဲ့ဒီကလေးဆီကနေပြီးတော့ဆန်တာဆီကိုလက်ဆောင်ပြန်အပ်တဲ့စာနဲ့ပြန်မှရမှာဖြစ်တဲ့အတွက် ထရစ်ပ်တ
ဇာတ်ကားကြည့်ရန်Elf Me
2023
ရိုင်ဖယ်တစ်လက်လေးပါပဲ။ ဒါပေမဲ့ ရိုင်ဖယ်တစ်လက်လေးက အစပြုလို့ သုံးနိုင်ငံကိုချိတ်ဆက်နေတယ်။ အဖေလုပ်သူကတော့ သူတို့ဆိတ်တွေကို ခွေးအတွေ ဝင်ဆွဲလွန်းလို့ ဆိတ်ကျောင်းတဲ့ သူ့သားနှစ်ယောက်ကို ခွေးအတွေလာရင် သတ်ဖို့ ရိုင်ဖယ်တစ်လက် ဝယ်ပေးလိုက်တာပဲ။ ဝယ်ပေးလိုက်ရတဲ့အကြောင်းရင်းက တကယ်ကိုရိုးရှင်းပါတယ်။ ဒါပေမဲ့ ငယ်သေးတဲ့ကလေးတွေလက်ထဲ ရိုင်ဖယ်ရောက်သွားတဲ့အခါမှာ ထင်မှတ်မထားတဲ့အရာတွေဖြစ်လာခဲ့တဲ့အခါ...။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ marip pan ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Babel
2006
လူတိုင်းဟာဘယ်လောက်ပဲအသက် အရွယ်တွေကြီးလာပါစေ တစ်ချိန်တုန်းကကျောင်းသားဘဝကိုတော့ အမှတ်ရနေကြစမြဲပါ။ အထူးသဖြင့်ကိုယ်တစ်ဖက်သတ်ချစ်ခဲ့ဖူးတဲ့ကိုယ့်ရဲ့အချစ်ဦးကိုပေါ့။ ဒီဇာတ်ကားလေးထဲပါဝင်တဲ့ တစ်ထောင့်ကိုးရာကိုးဆယ့်ခြောက်ခုနှစ်က ဆယ်တန်းကျောင်းသားဖြစ်တဲ့ ရမ်မှာလဲဂျာနူးဆိုတဲ့အချစ်ဦးလေးရှိခဲ့ပါတယ်။ရမ်ဟာ အသားညိုညိုနဲ့သတ္တိမရှိတဲ့ကောင်လေးဖြစ်ကာ သိပ်လှပြီးသီချင်းဆိုလဲတော်တဲ့ကျောင်းရဲ့အလှပဂေး ဂျာနူးလေးကိုကြိတ်ကြွေနေခဲ့ပါတယ်။ရမ်ရဲ့အချစ်ဦးလေးက သတ္တိကြောင်တဲ့ရမ့်ကို အခွင့်အရေးပေးလာပါ့မလား။ ဒါမှမဟုတ် အမှတ်တရထဲမှာပဲအချစ်ဦးလေးအဖြစ် သိမ်းထားခဲ့ရမလား။ ကျောင်းသားတွေကြားက တိတ်တခိုးနဲ့ ရင်ခုန်ကြည်နူးစရာဇာတ်လမ်းလေးကို စီးမျောလိုက်ပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်96
2018
တောကြီးမျက်မည်းထဲမှာမိသားစုသုံးယောက်ကပျော်ပျော်ရွှင်ရွှင်အမဲလိုက်ပြီးနေထိုင်နေကြပါတယ်။အမေဖြစ်သူကတော့မျက်နှာကြီးအမြဲတမ်းစူပုတ်နေပေမဲ့သမီးနဲ့အဖေနဲ့ကတော့ကီးကိုက်ပြီးတော့တောထဲမှာနေ့တိုင်းပျော်ပျော်ပါးပါးအမဲလိုက်ထွက်နေကြပါတယ်။အဖေကအရမ်းတော်တဲ့မုဆိုးတစ်ယောက်ဖြစ်တဲ့အတွက်သူ့သမီးကိုသူ့ရဲ့ပညာတွေအကုန်သင်ပေးပြီးတစ်ခုခုထူးခြားတာတွေရှိရင်လဲအမြဲတမ်းအထိန်းအမှတ်အနေနဲ့သမီးဖြစ်သူကိုတက်တူးထိုးပေးလေ့ရှိပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့သူတို့အိမ်ကိုလူတစ်ယောက်လမ်းပျောက်ပြီးရောက်လာတဲ့အခါမှာအရာအားလုံးကပြောင်းလဲသွားခဲ့ပါတော့တယ်။အိမ်မှာသူတို့သားအမိနှစ်ယောက်တည်းရှိနေခဲ့တဲ့အချိန်မှာရောက်လာပြီးလမ်းမေးနေတဲ့အချိန်မှာသူ့အမေကရုတ်တရက်ကြီးသူတို့ကိုဖမ်းထားလို့ကယ်ပါဦးလို့ထပြောပါတော့တယ်။ပြီးတော့အဲ့ဒီလူနဲ့အတူထွက်ပြေးဖို့ကြိုးစားနေခဲ့တဲ့အချိန်မှာအဖေဖြစ်သူပြန်ရောက်လာပြီးတိုက်ခိုက်ကုန်ကြပါတော့တယ်။သမီးဖြစ်တဲ့ဟယ်လီနာလဲသတိမေ့သွားပြီးပြန်နိုးလာတဲ့အချိန်မှာရဲစခန်းကိုရောက်နေပါပြီ။တကယ်တမ်းတော့သူ့အဖေကအမေဖြစ်သူကိုတောထဲအတင်းအဓမ္မဖမ်းခေါ်လာခဲ့တာဖြစ်ပြီးအခုအချိန်ထိပြန်မလွတ်ပေးသေးတာပဲဖြစ်ပါတယ်။ဒါပေမယ့်အဖေကိုအရမ်းချစ်တဲ့ဟယ်လီနာကတော့အဲ့ဒီစကားတွေကိုလက်မခံခဲ့ပါဘူး။အဖေဖြစ်သူလဲအဲ့ဒီအမှုနဲ့တင်ထောင်ကျသွားခဲ့ပါတယ်။ဟယ်လီနာအသက်ကြီးလာပြီးကိုယ်ပိုင်မိသားစုလေးထူထောင်ထားတဲ့အချိန်မှာသူ့အဖေကထောင်ဖောက်ပြေးလာခဲ့တယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ
ဇာတ်ကားကြည့်ရန်The Marsh King's Daughter
2023
အတိတ်က ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ မင်းသားကြီးတွေ အသက်အရွယ်ရလာတာကို မြင်ရတာလဲ ဝမ်းနည်းစရာတစ်မျိုးပဲဗျ။ ငယ်ဘဝမှာ ဖိုက်တာကြီးတွေအဖြစ် မြင်တွေ့ခဲ့ရပေမယ့်လည်း အခုအချိန်မှာတော့ အရင်လောက် မကြမ်းပြနိုင်တော့တာကိုလဲ ဒီဇာတ်လမ်းလေးထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်က Hellboy အဖြစ်သိခဲ့ရတဲ့ Ron Perlmanတစ်ယောက် ဇာတ်လမ်းအစမှာကတည်းက ဘဝကိုအေးချမ်းစွာဖြတ်သန်းနေပုံနဲ့ အစဖော်ထားပါတယ်။ ဒီလိုနဲ့ပဲ အဆက်အသွယ်မရတာကြာပြီဖြစ်တဲ့ သူ့သားက ရုတ်တရက်ရောက်ရှိလာပြီး သူ့သမီးလေးကို အဖိုးဖြစ်သူလက်ထဲ ထိုးထည့်ကာ ပြန်ထွက်သွားပါတော့တယ်။ သူ့သားဝင်ရှုပ်ထားမိတဲ့ အရှုပ်ထုပ်တွေက သာမာန်လူတွေမဟုတ်ဘူးဆိုတာကို သိလိုက်ရချိန်မှာတော့ သူ့သားလေးဟာ အသတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူ့သားလေးက တစ်ကယ်သေသွားပြီလားဆိုတာကို အဖြေရှာဖို့လုပ်ရင်း ဘယ်လိုလူတွေနဲ့ ရင်ဆိုင်ရမလဲ "The Merchant"ဆိုသူကရော ဘယ်လိုလူလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရင်း အားပေးလိုက်ကြပါအုံး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ innocentsheep ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Baker
2022
ငယ်ငယ်လေးကတည်းကဆိုးတူကောင်းဖက်ပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်းတွေဆိုတာလူတိုင်းမှာရှိကြပေမဲ့အဲ့လိုသူငယ်ချင်းတွေနဲ့ကြီးလာတဲ့အထိပေါင်းသင်းဖို့ဆိုတာကတော့မလွယ်ကူပါဘူး။ဒါပေမယ့်ဒီကားထဲကသူငယ်ချင်းသုံးယောက်ကတော့အသက် ၂၆ နှစ်အထိကိုတပူးပူးတတွဲတွဲနဲ့ပျော်ပျော်ပါးပါးပေါင်းသင်းနေကြတုန်းပါ။တစ်အိမ်တည်းမှာပဲအတူတူနေပြီးအလုပ်တစ်ခုတည်းမှာပဲအတူတူလုပ်ကြပါတယ်။ဒါပေမယ့်ဘယ်လောက်ပဲခင်တယ်ပြောပြောအသက်အရွယ်ရလာတဲ့အခါမှာတော့ချစ်သူရည်းစားတွေအလုပ်အကိုင်တွေဆိုတာကတော့အာရုံစိုက်ရမဲ့အရာတွေဖြစ်လာပါတော့တယ်။ဒီလိုနဲ့သူငယ်ချင်းသုံးယောက်ထဲကတစ်ယောက်ကရည်းစားဖြစ်သူနဲ့တိုင်တွေပတ်ပြီးနောက်တစ်ယောက်ကလဲအဖေဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းကိုအမွေဆက်ခံဖို့အလုပ်ရှုပ်နေတဲ့အခါမှာတော့ဂျွန်ဆိုတဲ့သူငယ်ချင်းတစ်ယောက်တည်းကလေးစိတ်နဲ့ကျန်ခဲ့ပါတော့တယ်။သူငယ်ချင်းတွေအရင်လိုအတူရှိပြီးပျော်ပါးရတဲ့အချိန်တွေနည်းပါးလာတဲ့အခါမှာတော့ဂျွန်ကအထီးကျန်ပြီးအတွေးပေါင်းသောင်းခြောက်ထောင်လျှောက်တွေးရင်းနဲ့ငယ်ငယ်တုန်းကမြူထူတောင်မှာသူတို့သူငယ်ချင်းသုံးယောက်တွေ့ခဲ့တဲ့သံလိုက်အိမ်မြှောင်နဲ့ဆက်စပ်ပြီးအရမ်းနာမည်ကြီးတဲ့ရတနာကိုသွားရှာကြဖို့သူငယ်ချင်းတွေကိုဆွယ်လိုက်ပါတော့တယ်။ရတနာကိုရရင်ပိုက်ဆံတွေအများကြီးရမှာဆိုတော့သူငယ်ချင်းသုံးယောက်လဲရတနာရှာထွက်ကြရင်းနဲ့အရင်လိုပြန်ဆက်ဆံရေးတွေရသွားကြမလား ဒါမှမဟုတ် ဆက်ဆံရေးတွေပဲပိုကြဲလာကြမလား ရတနာကိုရောရှာတွေ့သွားကြမလားဆိုတာကိုတစ်ကားလုံးအခွီတစ်လိုင်းကြည
ဇာတ်ကားကြည့်ရန်Please Don't Destroy: The Treasure of Foggy Mountain
2023
Marvel ဇာတ်ကားတွေ 4K နဲ့ပြန်ကြည့်ချင်သူတွေအတွက်တင်ပေးရခြင်းဖြစ်ပါတယ်။ 4K ကို SDR Version ဖြစ်လို့ မည့်သည့် Tv မဆို ကြည့်လို့အဆင်ပြေပါလိမ့်မယ်
ဇာတ်ကားကြည့်ရန်Thor
2011
ဒီတစ်ခါ Horror movie ကတော့ သူ့ကလေးကို စွဲလန်းပြီး လိုက်ရှာနေတဲ့ မိခင်သရဲမအကြောင်းပါ။ 1987 ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ စတော့ဈေးကွက်ပျက်သုန်းခြင်းမှာ suiside တွေ လူသတ်မှုတွေအများအပြားပေါ်ပေါက်လာပါတယ်။ ဟိုးလ်ဒင်းကုမ္ပဏီက ပါတနာ ဂျက်ဖရီကလည်း စီးပွားပျက်ကပ်မှာ ဇနီးဟောင်းကို ကိုယ်တိုင်ပစ်သတ်ပြီး သမီးနှစ်ယောက်ကိုခေါ်လို့ ထွက်ပြေးခဲ့ပါတယ်။ ပြေးရင်းနဲ့ တောထဲက အိမ်လေးဆီရောက်သွားပြီး ကြံရာမရတဲ့အဆုံး သမီးတွေကိုပါ ပစ်သတ်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထဲက မူမမှန်တဲ့အရာနဲ့တွေ့ပြီး ဂျက်ဖရီ အရင် အသက်ဆုံးရှုံးသွားပါတယ်။ တစ်မိသားစုလုံး ပျောက်သွားတဲ့အတွက် ဂျက်ဖရီရဲ့ညီ လူးကပ်စ်က ရှိသမျှငွေအကုန်သုံးပြီး ရှာဖွေခဲ့ရာမှာ တူမလေးနှစ်ယောက်ကို ပြန်တွေ့ခဲ့ပါတယ်။ ကလေးငယ်တွေဖြစ်ပြီး တောထဲမှာ နေခဲ့ရလို့ အရိုင်းဆန်နေတာမှတ်ပြီး ဆရာ၀န်နဲ့ အနီးကပ်ကုသပေးခဲ့ပေမယ့် ကြာလာတာနဲ့အမျှ ကလေးတွေက လေထဲက တစ်ခုခုကိုစကားပြောနေပြီး ထူးထူးဆန်းဆန်းတွေ လုပ်လာတဲ့အခါ....သူတို့တွေ ခေါ်တဲ့ မာမားဆိုတာ ဘယ်သူလဲ....ဘယ်လိုနောက်ကြောင်းရာဇ၀င်တွေရှိလဲဆိုတာ....အသည်းအေးအေး ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်