Private Lesson (2026) အပိုင်း (၁ မှ ၄) စ/ဆုံး (စုစုပေါင်း ၄ ပိုင်း ရှိသည်ကို ၁ ပိုင်းတည်းပေါင်းပြီး တင်ဆက်ပေးထားပါတယ်ရှင်) Winter Fever ရဲ့ မင်းသား Yoo Jin Seok နဲ့ Please, Yes ထဲက Lee Chang In တို့ရဲ့ ဆရာနဲ့တပည့် BLအချစ်ဇာတ်လမ်း...။ တက္ကသိုလ်ကျောင်းသားသစ် ဂျယ်အွန်းဟာ သူ့ရဲ့ ဂိုက်ဆရာဟောင်း ဟျွန်းဆောကို သုံးနှစ်ကြာအောင် တိတ်တိတ်လေး ချစ်နေခဲ့ပါတယ်။ ဆရာဖြစ်သူ ဟျွန်းဆောမှာကလည်း တိတ်တိတ်လေး ချစ်နေရတဲ့ crush ရှိနေတော့ ဂျယ်အွန်းအတွက်တော့ သူတို့နှစ်ယောက်ရဲ့ အခြေအနေက အကောင်အထည်မဖော်နိုင်မဲ့ အချစ်လို ဖြစ်နေတာပေါ့...။ ဒါပေမဲ့ နှစ်တွေကြာပြီးနောက် ဟျွန်းဆောကလည်း မဖြစ်နိုင်တဲ့ တစ်ဖက်သတ်အချစ်ဟောင်းကို မေ့ပြီး ရှေ့ဆက်ဖို့ ကြိုးစားလာတဲ့အခါ ဂျယ်အွန်းက ဒီအခွင့်အရေးကို လက်လွှတ်မခံတော့ဘဲ သူ့ရဲ့ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ ဖွင့်ပြောလိုက်ပါတယ်။ အတိတ်က အသည်းကွဲခဲ့ဖူးတဲ့ ဟျွန်းဆောကတော့ ဂျယ်အွန်းကို သူ့လိုပဲ နာကျင်ရမှာစိုးတာကြောင့် အပြင်းအထန် တွန်းထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ တစ်ကြိမ်ငြင်းတိုင်း ပိုပြီး ရဲရင့်လာတဲ့ ဂျယ်အွန်းရဲ့ မဆုတ်မနစ်တဲ့ အချစ်တွေက ဟျွန်းဆောရဲ့ အကာအကွယ်တွေကို တဖြည်းဖြည်းချင်း ဖြိုဖျက်လာပါတော့တယ်။ သုံးနှစ်ကြာ တိတ်တိတ်လေးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ အချစ်ကို မယုံကြည်တော့တဲ့ အမျိုးသားတစ်ယောက်...။ သူတို့ရဲ့ ဆရာတပည့် အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စွာနဲ့ ကြည့်
ဇာတ်ကားကြည့်ရန်