Black Swan Lake (2021) စ/ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ဂျပန် mystery series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... မိသားစုတစ်ခုတည်ဆောက်ချင်ဇောနဲ့ မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်မိခဲ့ရာကနေ 18နှစ်ကြာပြီးတဲ့နောက် ထိုမကောင်းမှုက ကိုယ့်ဆီပြန်လာခဲ့ပါတော့တယ်... ဇာတ်လမ်းအကျဉ်း ............. မိန်းကလေးတစ်ဦးဟာ ပြန်ပေးဆွဲဖမ်းဆီးခံထားရပြီး၊ သူဝတ်ထားခဲ့တဲ့ ဂါဝန်နဲ့ အတွင်းဝတ်တွေကို အပိုင်းပိုင်းဖြတ်ကာ မိသားစုဆီကို ပြန်ပေးသမားက ပေးပို့လာကြောင်း ရုပ်မြင်သံကြားတစ်ခုက သတင်းတင်ဆက်ခဲ့ပါတယ်... ဇိုင်းဇန်း ရှိုးတာက ဒီအမှုနဲ့ တစ်ပုံစံတည်းဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့၁၈ နှစ်က ဖြစ်ရပ်တစ်ခုကို အမှတ်ရပြီး တုန်လှုပ်သွားပါတော့တယ်... အဲဒီအချိန်အခါတုန်းက ရှိုးတာဟာ သီးသန့်လုံခြုံရေးအေဂျင်စီတစ်ခုမှာ စုံစမ်းစစ်ဆေးရေးအဖြစ် အလုပ်လုပ်နေခဲ့ပြီးတော့ တာနိအိုကာ ဆိုအိချိရိုဆိုတဲ့ လူတစ်ယောက်က သူ့သမီးဖြစ်သူ နာနာအဲ ကို ရှာဖို့ အကူအညီတောင်းခဲ့ပါတယ်... နာနာအဲ ကို ဖမ်းဆီးခဲ့တဲ့သူကလည်း သူမရဲ့ ဓာတ်ပုံတွေ၊ အင်္ကျီအပိုင်းအစတွေ၊ အတွင်းခံအဝတ်အချို့နဲ့ လက်သည်းစတွေကို သူ့အဖေဆီ ပေးပို့ခဲ့ပါတယ်...ဇိုင်းဇန်းက တာနီအိုကာမိသားစုရဲ့အမှုကို ဖြေရှင်းပိတ်သိမ်းပြီးတဲ့နောက် ဦးလေးရဲ့ လုပ်ငန်းကို ဆက်ခံကာ မိသားစုတစ်ခုကို ပျော်ရွှင်စွာထူထောင်ခဲ့တဲ့နောက်.... 18နှစ်အကြာမှာ အချစ်ဆုံးသမီးဖြစ်သူ မီကာ ဟာလည်း မတော်တဆပျောက်ဆုံးသွား
ဇာတ်ကားကြည့်ရန်