Doctors (2016) "တချို့သော တွေ့ဆုံမှုတစ်ခုဟာ လူတစ်ယောက်ရဲ့ဘဝကို လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်" Channel Myanmar ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ BaekSang ဆုကြီးအပြင် တခြားဆုပေါင်းများစွာကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ ထိပ်ထိပ်ကြဲ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Rae-Won ၊ Park Shin-Hye၊ Lee Sung-Kyung ၊ Yun Kyun-Sang တို့အပြင် ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ လုပ်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ အပြီးအထိလုပ်တတ် စရိုက်ရှိပြီး ဥာဏ်လည်းကောင်းတဲ့သူဖြစ်တဲ့ ယူဟယ်ဂျောင်း (Park Shin-Hye) ဟာ ကြင်နာတတ်ပေမဲ့ အမေဖြစ်သူဆုံးသွားပြီးနောက် အဖေဖြစ်သူ နောက်အိမ်ထောင်ပြုလိုက်တာကြောင့် နှလုံးသားတံခါးကိုပိတ်လိုက်ပြီး ဆိုးသွမ်းတဲ့လူတစ်ယောက်လို ပြုမူနေထိုင်လာပါတော့တယ်။ တစ်နေ့မှာတော့ ဒီလိုမျိုး ထက်မြက်တဲ့ဥာဏ်ရည်ကို အလဟဿဖြစ်အောင် ထားထားပြီး နေနေတဲ့ သူမဘဝကို ပြောင်းလဲသွားစေတဲ့ ဟုန်းဂျီဟုန်းဆိုသူ ပေါ်လာခဲ့ပါတော့တယ်။ ဟုန်းဂျီဟုန်း (Kim Rae-Won) ကတော့ ဥာဏ်ကောင်းပြီး ဖော်ဖော်ရွေရွေနေတတ်တဲ့အပြင် တာဝန်ယူတတ်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာဝန်အလုပ်သင်အဖြစ် လုပ်ရင်း အမှားသေးသေးလေးတစ်ခုကြောင့် ဆရာဝန်ဘဝကနေ နှုတ်ထွက်လိုက်ပြီးနောက် ကျောင်းဆရာတစ်ယောက်အဖြစ် ပြောင်းလဲပြီးနေထိုင်နေသူဖြ
ဇာတ်ကားကြည့်ရန်