ဒီတစ်ခါ CMပရိသတ်ကြီးအတွက် ယူလာပေးတဲ့ ဇာတ်ကားလေးကတော့ မင်းသား ကျန်းလင့်ဟယ်နဲ့ မင်းသမီး ရွှီရော့ဟန်တို့ပါဝင် ရိုက်ကူးထားတဲ့ The Best Thingဆိုတဲ့ ရိုမန့်စ်ဒရမ်မာဇာတ်ကားလေးပဲဖြစ်ပါတယ်၊ ဒီဇာတ်ကားထဲမှာတော့ ကျန်းလင့်ဟယ်က တရုတ်တိုင်းရင်းဆေးဆရာဝန်လေး ဟယ်စူးယဲ့ အနေနဲ့သရုပ်ဆောင်ထားပြီး ရွှီရော့ဟန်ကိုတော့ အလုပ်ဒဏ်ကြောင့်အိပ်မပျော်တဲ့ဝေဒနာကို ခံစားနေရတဲ့ ဟိုတယ်မန်နေဂျာမလေး ရှန်ရှီဖန်အနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်၊ အလုပ်ဂျပိုး ဟိုတယ်မန်နေဂျာမလေး ရှန်ရှီဖန်တစ်ယောက် အလုပ်ဒဏ်ကြောင့် အိပ်မပျော်ပြီး ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကိုခံစားနေရတဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာဆီသွားပြရင်း ရုပ်ရည်ချောမောပြီး ကြင်နာတတ်တဲ့တိုင်းရင်းဆေးဆရာလေး ဟယ်စူးယဲ့နဲ့ ဆုံတွေ့ကြတဲ့အခါမှာ များပြားလှတဲ့အလုပ်ဒဏ်တွေကြောင့်ဆေးသောက်ဖို့မေ့တတ်တဲ့ အလုပ်ဂျပိုးမလေးကြောင့် တိုင်းရင်းဆေးဆရာလေး ဟယ်စူးယဲ့တစ်ယောက် အမြဲခေါင်းကိုက်နေခဲ့ရတယ် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အစမှာတော့ဆရာဝန်နဲ့ လူနာဆက်ဆံရေးဆိုပေမဲ့ မမျှော်လင့်ထားပဲ အိမ်ဝင်းတစ်ခုတည်းမှာအတူနေထိုင်နေတဲ့သူတွေဖြစ်နေခဲ့ကြပြီး မကြာခဏ အမှတ်မထင်ပဲဆုံတွေ့မှုတွေကြောင့် နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာတွေတဖြည်းဖြည်းနဲ့ပေါက်ဖွားလာခဲ့တော့တယ်၊ အချစ်ဦးကို ဆုံးရှုံးခဲ့ဖူးတဲ့အတွက် သတိထားနေတဲ့ ရှန်ရှီဖန်နဲ့ အချစ်ဦးက စွန့်ပစ်သွားတဲ့အချိန်ကတည်းက သူ့ရဲ့နှလုံးသားတံခါးကိုပိတ်ထားတဲ့ဟယ်စူးယဲ့တ
ဇာတ်ကားကြည့်ရန်