"ငယ်ရွယ်စဥ်အချိန်အခါက အထက်တန်းကျောင်းသားဘဝလေးကို ပြန်လည်လွမ်းဆွတ် သတိရသွားစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်" ❏ ငယ်စဥ်ကတည်းက မိသားစုအတွင်းရေး ပြဿနာတွေကြောင့် စိတ်ထဲမှာ အဖုအထစ်တွေရှိနေပေမဲ့ ထုတ်ပြော/ ရင်ဖွင့်ဖိုအတွက် ဝန်လေးတတ်သူ ၊ နေ့ခင်းအချိန်တွေမှာ အမြဲအိပ်နေတတ်ပြီး ညဘက်တွင်သာ စာတွေလေ့လာတတ်သူ ၊ အနည်းငယ်မောက်မာတတ်ပြီး လေယာဥ်မှူးဖြစ်ချင်တဲ့ ဆန္ဒရှိသူ - ချန်ရှု ❏ အမြဲတမ်းထူးဆန်းတဲ့ အတွေးတွေကိုသာ တွေးလေ့ရှိပြီး ဘယ်သူ့ကိုမှ / ဘယ်အရာကိုမှဂရုမစိုက်တတ်သူလေး ၊ စိတ်အပြောင်းအလဲ မြန်ပြီး သူမလုပ်သမျှဟာ အရာမထင်ဖြစ်လာသူ- ဝူချောင်ချောင် ❏ ပန်းချီဆွဲနေရရင်ကို ကျေနပ်နေတတ်သူ ၊ ဘယ်အရာမဆို နာခံတတ်သူ ၊ မိန်းကလေးတွေနဲ့ သူငယ်ချင်းဖြစ်ဖို လွယ်ကူသူ ၊ အနုပညာနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေမှာ အမြင့်ဆုံးအမှတ်တွေကိုပဲ ရရှိထားသူ - လုနမ်ရှန်း ❏ မိသားစုနောက်ခံ ချမ်းသာပြီး စာတော်သူ ၊ အပြင်ပန်းကြည့်လျှင် နူးညံ့သိမ်မွေ့ကာ နွေးထွေးတတ်တဲ့ ပုံစံနဲ့ရှိတတ်ပေမဲ့ တကယ်တမ်းမှာတော့ မနာလိုစိတ်အနည်းငယ်ရှိတတ်သူ - လျန်အန်းချီ ❏ အရပ်ရှည်ရှည် ဖြောင့်မတ်တဲ့ ပုံစံအနေထားနဲ့အတူ ရေပန်းစားပြီး ၊ ကျောင်းစာက လွဲ၍ ဘယ်အရာမဆို စိတ်ဝင်စားသူ ၊ ပြဿနာကို မီးထွန်းရှာတတ်သူ ၊ ကြီးလာလျှင် E sports ကစားသမားကောင်းတစ်ယောက် ဖြစ်ဖို မျှော်လင့်ထားသူ - ကော်ကျားဟောင် ❏ မိခင်ကိုယ်တိုင်က အတန်းပိုင်ဆရာမဖြစ်တဲ့အတွက်ကြောင့် ဖိအားတွေအများကြီးနဲ့ ရင်ဆိုင်နေရရှာသူ ၊
ဇာတ်ကားကြည့်ရန်