"Amber Girls School" Amber မိန်းကလေး သီးသန့်ကျောင်း အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ series လေးကတော့ 2024 ခုနှစ်ထွက် Amber Girls School ပဲ ဖြစ်ပါတယ် IMDb rating အနေနဲ့ကတော့ 7.4 ရရှိထားတာမလို့ ကြည့်လို့ကောင်းမဲ့ series လေးဖြစ်မှာကတော့ သေချာပါတယ်ရှင့် ဒီ series လေးရဲ့ အကျဉ်းကတော့ အိုဂျက်စ်ဆိုတဲ့ 15 နှစ်အရွယ် ကောင်မလေးဟာ ချန်ဒီဂါရ်မှာရှိတဲ့ Amber မိန်းကလေးသီးသန့်ကျောင်းက အတန်း 9 မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ သူမမှာ 2008 ခုနှစ် မကုန်ခင် ဖြစ်အောင် လုပ်ချင်တဲ့ ရည်မှန်းချက်နှစ်ခု ရှိပါတယ် အဲ့ဒါကတော့ ကျောင်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ဖို့နဲ့ ကောင်လေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းနမ်းခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူမဟာ အရမ်းကို ရှက်တတ်ပြီးတော့ သတ္တိလည်း နည်းတဲ့ သူတစ်ယောက်ပါ။ အိုဂျက်စ်ဟာ သူမရဲ့ စိတ်နဲ့ နှလုံးသားကြားမှာ ပြီးပြည့်စုံတဲ့ ကျောင်းသူဖြစ်ဖို့နဲ့ သူ့ပုံစံအတိုင်းပဲ နေဖို့ ရုန်းကန်နေရင်း သူ့သူငယ်ချင်းတွေ အကြံပေးတဲ့အတိုင်း လိုက်လုပ်ရာကနေ တလွဲတွေ ဖြစ်ကုန်ပါရော။ သူမရဲ့ ကိုယ်ပိုင်ဘဝလေးဂာလည်း ပျက်စီးလာသလို ပထမဆုံးချိန်းတွေ့တာကလည်း ပျက်စီးသွားခဲ့တာ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ပါ ရန်ဖြစ်တဲ့အထိပါပဲ။ ဒီ series လေးဟာဆိုရင်ဖြင့် အိုဂျက်စ်တစ်ယောက် လိမ္မာပြီး ရိုးအတဲ့ ကောင်မလေးတစ်ယောက်အဖြစ်ကနေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးငယ်လေးအဖြစ် ပြောင်းလဲသွားပုံအဆင့်ဆင့်ကို ဖော်ပြရိုက်က
ဇာတ်ကားကြည့်ရန်