Disney က ၂၀၂၁ ခုနှစ်က ပြသခဲ့တဲ့ Fantasy/musical/drama အမျိုးအစား စပိန်စီးရီးလေးက Season 2 ထွက်ရှိလာပါပြီ။ IMDB 6.8/10, Rotten Tomatoes 92 % ရရှိထားတဲ့ ဒီစပိန်စီးရီးလေးမှာ လူငယ်သရုပ်ဆောင်လေးတွေရဲ့ ငယ်ရွယ် ဆန်းသစ်မှုတွေကို သီချင်းလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်း Season 1 မှာတုန်းက မှော်လက်ပတ်ကိုအမှတ်မထင်ရရှိသွားပြီး အယ်လေဂရာတစ်ယောက် အမေဖြစ်သူရဲ့ငယ်ရွယ်စဉ် ၁၉၉၄ခုနှစ်ကို အချိန်ခရီးသွားခဲ့ရာက သိချင်တာတွေကို သိခဲ့ရပြီးနောက်မှာတော့ အမေနဲ့ အဘွားနဲ့ သုံးယောက်သား ဆက်ဆံရေးပြန်လည် ကောင်းမွန်သွားခဲ့ပါတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းလောက်အောင် ၁၉၉၄ ခုနှစ်က မာကိုတစ်ယောက် မှော်လက်ပတ်ကို ရရှိပြီး အယ်လေဂရာရှိရာ ၂၀၂၁ ခုနှစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လေဂရာနဲ့ သူ့သူငယ်ချင်း ဖီးလစ်တို့ ကြံရာမရ ဖြစ်ကုန်ကြပါတော့တယ်။ မာကို့ကို လူမမြင်ဖို့အရေး ကြံစည် တွေးတောကြရင်း မာကိုက ဘယ်လိုအကြောင်းကြောင့် မှော်လက်ပတ်နဲ့ အချိန်ခရီးသွားဖို့ဖြစ်လာခဲ့လဲဆိုတာကို ရှာဖွေကြဖို့ ပြင်ဆင်ကြပါတော့တယ်။ အယ်လေဂရာက မာကို့ကို စိတ်ယိုင်နေမှန်းသိလို့ ဖီးလစ်တစ်ယောက်ကတော့ ပူပန်ခြင်းတွေ စိတ်မချခြင်းတွေနဲ့ မာကို့ကို ၁၉၉၄ခုနှစ်ကို မြန်မြန်ပြန်ပို့ဖို့ တိတ်တိတ်လေး ကြိတ်ကြံနေခဲ့တာပေါ့လေ။ ဒီလိုနဲ့ မာကို့ရဲ့ ပထမဆုံးအချိန်ခရီးသွားခြင်းက ၁၉၉၄ ခုနှစ်ကို ပြန်ရောက်မသွားဘဲ ၁၉၇၅ ခုနှစ်ကို ရောက်ရှိသွားခဲ့ရာက သ
ဇာတ်ကားကြည့်ရန်