Coffee Prince (2007) အပိုင်း (1 မှ 17) စ/ဆုံး ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ တစ်ခနဲတောင်းဆိုထားကြတဲ့ ကော်ဖီမင်းသားကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေကလည်း ကေဒရာမာဖန်တိုင်း ရင်းနှီးကြတဲ့ Yoon Eun Hye, Gong Yoo, Lee Sun Kyun, Kim Dong Wook, Kim Jae Wook တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးဖြတ်သန်းနေတဲ့ ချွဲဟန်ဂယောကို သူရဲ့အဘွားဖြစ်သူဟာ သူ့မြေး အလေလိုက်ပြီးနေတာကို သည်းမခံနိုင်တော့တဲ့အဆုံးမှာ ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးစီးဖို့ပေးပြီး အလုပ်လုပ်ခိုင်းပါတော့တယ်။ ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကို နှစ်သက်တဲ့ ချွဲဟန်ဂယောဟာ အဘွားဖြစ်သူရဲ့ စီစဉ်မှုကို နည်းလမ်းမျိုးစုံနဲ့ ခေါင်းရှောင်ရင်း ယောက်ျားလေးလို ဝတ်စားသွားလာနေထိုင်တတ်တဲ့ ဂိုအွန်ချန်းနဲ့ ရေစက်ဆုံခဲ့ပါတော့တယ်။ မိန်းကလေးဖြစ်ပေမဲ့ အိမ်ထောင်ဦးစီးတာဝန်ကိုယူထားရတဲ့ အွန်ချန်းတစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ယောက်ျားလေးဟန်ဆောင်ပြီး ဟန်ဂယောရဲ့ အကူအညီကို ရယူရင်း သံယောဇဥ်တွေ ဖြစ်လာတဲ့အခါမှာတော့... ဟန်ဂယောတစ်ယောက် အဘွားဖြစ်သူရဲ့စကားအတိုင်း ကော်ဖီဆိုင်ကို ဦးစီးဖြစ်မလား... ဂိုချန်းအွန်းက မိန်းကလေးဆိုတာကို ချွဲဟန်ဂယောတစ်ယောက် ဘယ်လိုသိသွားမလဲ ဆိုတာကို ဇာတ်လမ်းမှာ အဖြေဝင်ရှာကြည့်လိုက်ပါနော်။ မှင်စာဦးလေးကြီးရဲ့ ငယ်ရွယ်စဉ်တုန်းက အရိုလေးတစ်ဖြတ်ကို စောင်ကိ
ဇာတ်ကားကြည့်ရန်