"Agents of S.H.E.L.D" AOS Fan တွေအတွက်ကတော့ အထူးတလည်ရှင်းပြစရာမလိုပေမယ့် မရင်းနှီးသေးတဲ့လူတွေအတွက် အကျဉ်းချုပ်လေး ရှင်းပြပေးချင်ပါတယ်။ "Agents of S.H.E.L.D" စီးရီးက MCU နဲ့ချိတ်ဆက်ထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး Avenger Assemble (Avenger 1) မှာ သေဆုံးခဲ့တဲ့ S.H.E.L.D agent Phil Coulson ကို အဓိက ဦးတည်ဇာတ်လမ်းတည်ထားပါတယ်။ စီးရီးတစ်လျှောက်လုံးမှာလဲ MUC ကအဖြစ်အပျက်တွေနဲ့အချိတ်အဆက်မိမိရိုက်ကူးထားပြီး MCU Fan တွေအတွက်ကတော့ မကြည့်မဖြစ်စီးရီးတစ်ခုပါပဲ။ ဦးတိုနီတို့ ဘကြီးCaptတို့ ခိုခိုသော်ရ် တို့အပြင်မှာအစွမ်းကုန် ကမ္ဘာကိုကာကွယ်ပေးနေသလို AOSအဖွဲ့ကလဲ နောက်ကွယ်မှာလူမသိသူမသိ လျို့လျို့ဝှက်ဝှက်လေး ကာကွယ်ပေးနေခဲ့တာပါ ံHydra အကြောင်းကိုလဲဒီစီးရီးထဲမှာ ပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။ Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က SHIELD အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ အခု Season 5 မှာလဲ Thanos အကြောင်းအရိတ်အမြွတ်ပြောတာတွေ စသည်ဖြင့်ပါဝင်ပါတယ်။ MCU Timeline အတိုင်းသွားနေတဲ့စီးရီးဖြစ်သလို Inhuman အကြောင်းတွေလဲ တော်တော်များများပါဝင်ပါတယ်။ Season 4 မှာဆိုရင် Ghost Rider ( Robbie Reyes) တောင်ပါလာပါသေးတယ်။ အားနည်းချက်တစ်ခုကတော့ MCU နဲ့သွားချိတ်ထားတဲ့အတွက် ဟာကွက်လေးနည်းနည်းတော့ရှိပ
ဇာတ်ကားကြည့်ရန်