Season 01 ( Ep 1 to 16 ) စ/ဆုံး 4K Quality ထိ တင်ဆက်ထားပါပြီ။ မင်းသား Park Seo Joon နဲ့ မင်းသမီး Park Min Young တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲက Jung Kyun Yoon ရဲ့ နာမည်ကြီး webtoon တစ်ခုကိုအခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်းသားရော မင်းသမီးရော ဇာတ်လမ်းနဲ့တွဲဖက်ညီလှပါတယ်။ ဒီဇာတ်လမ်းမှာ Park Seo Joon က ကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌ လီယောင်ဂျွန်းအဖြစ်ပါဝင်ထားပြီး Park Min Young ကတော့သူရဲ့ Secretary ဂင်မီဆိုအဖြစ်ပါဝင်ထားပါတယ်။ ဒုဥက္ကဌလီယောင်ဂျွန်းက လုပ်ငန်းပိုင်းမှာအောင်ကျော်ကြားယုံတင်မဟုတ်ဘဲ Personal ပိုင်းအရလဲ သန့်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေမယ့် မိန်းမဆိုရင် လုပ်ငန်းသဘောကလွဲလို့ အကပ်မခံသူမို့ မိဘတွေကိုယ်တိုင်က သူတို့သားလေး အပုန်းဖြစ်နေမှာကို စိုးရိမ်နေရရှာတဲ့ ကိုယ်တော်ချောပါ။ အလုပ်ကိုလဲ နင်းကန်ဖိလုပ်တတ်သူဖြစ်သလို သေချာတိကျပြီး သူများမှားရင်လဲ အလိုလို အလာ့ဂျစ်ထလာတတ်တဲ့ ဇီဇာကြောင် လူထူးချွန်ပါ။ ဘယ်သူ့ကိုမှ တော်ယုံမကိုးစားတတ်တဲ့ကိုယ်တော်ချောရဲ့ ဘေးမှာ အတွင်းရေးမှူးရာထူးယူထားရတဲ့ ဂင်မီဆိုရဲ့ ဘဝကတော့ ပြောဖွယ်ရာမရှိတော့ပြီ.... အလုပ်ပြီးအလုပ်ပဲဆက်နေလို့ သူ့ခမျာ ခပ်ချောချောမိန်းမလှလေးဖြစ်ပေမယ့် ဖွန်ကြောင်ဖို့တောင် အချိန်မရှိရှာပါဘူး။ သူတို့နှစ်ယောက်ဒီလိုနေထိုင်လုပ်ကိုင်ရင်း ကုမ္ပဏီကြီးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခဲ့အပြီး ၉ နှစ်အကြာမှာတော့ ဂင်မီဆိုတစ်ယောက်
ဇာတ်ကားကြည့်ရန်