The Drama (2026) +++++++++++ IMDb Rating (7.5) / Rotten Tomatoes (77%) ဒီကားလေးအကြောင်း ပြောပြရမယ်ဆိုရင်တော့ A24 က ထုတ်တဲ့ကားဆိုတော့ ရိုးရိုးအချစ်ကားလေးလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ တော်တော်လေးကို အသည်းယားစရာကောင်းတဲ့ ကားမျိုးပဲ။ ဇာတ်လမ်းက Emma (Zendaya) နဲ့ Charlie (Robert Pattinson) တို့ စုံတွဲက မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေကြတဲ့ အချိန်ကနေ စထားတယ်။ အပေါ်ယံကြည့်ရင်တော့ သူတို့နှစ်ယောက်က အရမ်းချစ်ကြပြီး အရာအားလုံး Perfect ဖြစ်နေတယ်လို့ ထင်ရတာပေါ့။ ဒါပေမဲ့ မင်္ဂလာဆောင်ဖို့ ၁ ပတ်လောက်ပဲ လိုတော့တဲ့အချိန် သူတို့ သူငယ်ချင်းတွေနဲ့ ဆုံရင်း "ကိုယ့်ဘဝမှာ လုပ်ဖူးသမျှ အဆိုးဆုံးကိစ္စက ဘာလဲ" ဆိုပြီး ကစားကြရာကနေ ပြဿနာစတော့တာပဲ။ အဲဒီမှာ Emma က သူ့ရဲ့ငယ်ဘဝက တော်တော်လေးကို ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖွင့်ပြောချလိုက်တယ်။ အဲဒါလည်းပြီးရော မင်္ဂလာဆောင်ဖို့ စီစဉ်ထားတာတွေရော၊ သူတို့ရဲ့ ဆက်ဆံရေးရော အကုန်လုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်သွားတော့တာပဲ။ ဘာလျှို့ဝှက်ချက်လဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကိုယ်တိုင် ကြည့်လိုက်တော့နော်။ ဒီကားက သာမန် RomCom တွေလို ကြည်နူးစရာကောင်းတာထက် စိတ်ဖိစီးစရာ၊ စိတ်အိုက်စရာ အခြေအနေတွေကို အတော်လေး ပီပြင်အောင် ရိုက်ပြထားတယ်။ ဇာတ်ကောင်တွေက အခြေအနေတွေ ရှုပ်ထွေးလာတဲ့အခါ ချက်ချင်း ဆုံးဖြတ်ချက်တွေ လွဲကြ၊ မှားကြနဲ့ တကယ့် ငတုံး ငတုံးမတွေလို ပြုမူမိတာတ
ဇာတ်ကားကြည့်ရန်